play

 

ယနေ့နံနက် ၂ နာရီ ၃၅ မိနစ်မှာ ယူရိုပါလိဂ်အုပ်စုပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ အေစီမီလန်အသင်းနဲ့ သြစတြီးယားဝင်းအသင်းတို့ရဲ့ပွဲစဉ်မှာ အေစီမီလန်အသင်းက ၅ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ယင်းပွဲစဉ်ရဲ့ ပထမပိုင်း ပြီးဆုံးချိန်မှာ အေစီမီလန်ဂန္တဝင်ကစားသမားဟောင်း ကာကာဟာ ကွင်းထဲကို ဆင်းပြီး ပရိသတ်တွေကို ဂါရဝပြုနှုတ်ဆက်ခဲ့ပါတယ်။

play

 

ကစားသမားဘဝကနေ အနားယူပြီလို့ ကြေညာပြီး အော်လန်ဒိုစီးတီးအသင်းကနေ ထွက်ခွာခဲ့တဲ့ ကာကာဟာ ခုချိန်ထိ အနားယူဖို့အတွက် ယတိပြတ် ဆုံးဖြတ်ချက်မချရသေးဘူးလို့ သိရပြီး မကြာသေးခင်က အေစီမီလန်အသင်းရဲ့ဥက္ကဌ ဖက်ဆိုနစ်က ကာကာကို အသင်းရဲ့ဒါရိုက်တာအဖြစ် ခန့်အပ်ဖို့ ကမ်းလှမ်းထားတယ်လို့ ကာကာက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

Postby

 

"ကျွန်တော် ဖက်ဆိုနစ်နဲ့ စကားပြောခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ ဆက်ပြီးကစားမလား၊ မကစားတော့ဘူးလားဆိုတာ မဆုံးဖြတ်ရသေးပါဘူး။ မီလန်အသင်းရဲ့ဒါရိုက်တာဖြစ်လာမယ့်အခွင့်အရေးကတော့ ကျွန်တော့်အတွက် အရမ်းကို ကောင်းမွန်ပြည့်စုံတဲ့အရာပါ"လို့ ပြောကြားခဲ့ပါတယ်။

play

 

ကာကာဟာ အေစီမီလန်အသင်းနဲ့အတူ စီးရီးအေဖလားနဲ့ ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်ခဲ့ဖူးတဲ့ကစားသမားဖြစ်ပြီး မတူညီတဲ့ကာလ ၂ခုပေါင်း ၇ ရာသီအထိ ကစားပေးခဲ့ပါတယ်။

 

Source & Photos: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video