ဘိုင်ယန်မြူးနစ်အသင်းရဲ့ နယ်သာလန် အသင်းခေါင်းဆောင် အာဂျန်ရော်ဘင်အနေနဲ့ ရာသီအကုန်မှာ ကစားသမားဘ၀က အနားယူတော့မယ် လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

play

 

အင်္ဂါနေ့က ကစားခဲ့တဲ့ အန်ဒါလက်ခ်ျအသင်းနဲ့ ချန်ပီယံလိဂ် ပွဲစဉ်အပြီးမှာ မီဒီယာကို ဖြေကြားခဲ့တာ ဖြစ်ပြီး ရာသီအကုန်မှာ အနားယူတော့မယ် လို့ ထုတ်ဖော်ပြောခဲ့တာ ဖြစ်ပါတယ်။

 

ရော်ဘင်က ပြောကြားခဲ့ရာမှာတော့-" ရာသီအကုန်မှာ ကျွန်တော်အနားမယူဖြစ်ပါက ဘိုင်ယန်အတွက်နောက်ထပ် ၃ နှစ်လောက် ထပ်ကစား ဖြစ်မယ်ထင်ပါတယ်။ဘယ်အရာမဆို ဖြစ်သွားနိုင်ပါတယ်။အခုလောလောဆယ်တော့ ကျွန်တော်နောက်တစ်ပွဲအတွက်ပဲ အာရုံထားထားပါတယ်။ အနာဂတ်ကို သေသေချာချာမကြည့်သေးပါဘူး။" လို့ ထုတ်ဖော်ပြောခဲ့တာ ဖြစ်ပါတယ်။

အသက် ၃၃ နှစ်အရွယ်ရှိပြီ ဖြစ်တဲ့ ရော်ဘင်အနေနဲ့ နိုင်ငံလက်ရွေးစင်ကစားသမားဘ၀မှ ၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲမအောင်မြင်ခဲ့ပြီးနောက် အနားယူခဲ့သူလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ ချန်ပီယံလိဂ် ပွဲစဉ်က ရရှိခဲ့တဲ့ ပေါင်ခြံဒဏ်ရာကြောင့်စနေနေ့မှာကစားရမယ့် မိုချန်ဂလာဘတ်အသင်းနဲ့ ဂျာမန်ဘွန်ဒက်လီဂါ ပွဲ စဉ်ကို လွဲချော်မှာ ဖြစ်ပါတယ်။

အာဂျန်ရော်ဘင်အနေနနဲ့ ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ အမှတ်ပေးဖလား ၆ ကြိမ်အပါအ၀င် ၂၀၁၃ ခုနှစ်မှာ ဥရောပ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးထားနိုင်ခဲ့ပါတယ်။

Postby

Source- AS

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video