AD
AD
AD

၂၀၁၇ ခုနှစ်အတွက် BBC ကပေးအပ်ချီးမြှင့်မယ့် အာဖရိကအကောင်းဆုံးကစားသမား  ဆန်ကာတင် စာရင်းဝင် (၅)ဦးကို မေးမြန်းထားတဲ့ မေးခွန်းကတော့ ကမ္ဘာ့ဖလားကို အင်္ဂလန်အသင်းမယူနိုင်သေးခင် အာဖရိက အသင်းတစ်သင်း သင်းက ရယူနိုင်မည်လားဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။

play

 

ဒီမေးခွန်းအပေါ်မှာ သူတို့ တစ်ဦးချင်းစီရဲ့ ဖြေကြားပုံတွေကို Duwun Sports ပရိသတ်ကြီးကို တင်ဆက်ပေး လိုက်ပါတယ်။

 

မိုဟာမက်ဆာလက် - ဒါက တစ်ကယ်ကို မလွယ်ကူတဲ့ အရာပါပဲ။အခြားတစ်သင်းသင်းကိုလည်း ကျွန်တော်မေး ချင်ပါတယ်။အင်္ဂလန်အသင်းမတိုင်မီ ကမ္ဘာ့ဖလားကို ရယူနိုင်မလားဆိုတာ။ကျွန်တော့်အဖြေကတော့ အီဂျစ်ပါပဲ။

နဘီကီတာ - ကျွန်တော်တို့မှာ လူငယ်မျိုးဆက်သစ်တွေ ဆက်တိုက်မွေးဖွားလာနေနိုင်ပါပြီ။မဖြစ်နိုင်ဘူးဆိုတာ တော့ မရှိပါဘူး။ကျွန်တော်တို့ လုပ်နိုင်ပါတယ်။

ဗစ်တာ မော့ဆက် - ဒါပေါ့ နိုင်ဂျီးရီးယားပဲ ဖြစ်ရမှာပေါ့(ရယ်လျက်)

ဆာဒီယို မာနေး - အင်္ဂလန်မတိုင်မီ အာဖရိကအသင်းတွေ ကမ္ဘာ့ဖလားဆွတ်ခူးနိုင်ဖို့ အတွက်ကလည်း စောနေ ပါသေးတယ်။

အူဘာမီယန် - အဲ့လိုတော့ မှတ်ချက်မပေးချင်ပါဘူး။တစ်ကယ်တော့ အင်္ဂလန်လည်း အရမ်းတိုးတက်လာနေပါ ပြီ။အင်္ဂလန်ထက်စောပြီး အာဖရိကအသင်းတစ်သင်းသင်း ကမ္ဘာ့ဖလားဆွတ်ခူးနိုင်မယ်ဆိုရင်တော့ ဒါဟာ အတော်လေး ဂုဏ်ယူစရာ ဖြစ်လာမှာပါ။

အင်္ဂလန်အသင်းအနေနဲ့ ၂၉၆၆ ခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ တစ်ကြိမ် ဗိုလ်စွဲနိုင်ပြီးနောက် ယနေ့ ချိန်တိုင် ကမ္ဘာ့ဖလားကို ပြန်လည် ဆွတ်ခူး နိုင်ခြင်း မရှိတော့တာလည်း ဖြစ်ပါတယ်။

BBC ကပေးအပ်ချီးမြှင့်မယ့် ၂၀၁၇ ခုနှစ်အတွက် အာဖရိက အကောင်းဆုံး ကစားသမားဆုကိုတော့ လာမယ့် ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ ထုတ်ပြန်ကြေညာသွားမှာ ဖြစ်ပါတယ်။

Postby

Source- BBC SPORT

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD