AD
AD
AD

၂၀၁၆-၁၇ ဘောလုံးရာသီရဲ့ ဥရောပ ဂိုးအများဆုံး သွင်းယူနိုင်သူဆုကို ဘာစီလိုနာအသင်းမှ အာဂျင်တီးနားတိုက်စစ်မှူး လီယွန်နယ် မက်ဆီက ဆွတ်ခူးနိုင်ခဲ့ပါတယ်။

play

 

မက်ဆီအနေနဲ့ အဆိုပါဆုကို လေးကြိမ်မြောက်ရယူနိုင်ခဲ့တာ ဖြစ်ပြီး သွင်းဂိုးစုစုပေါင်း ၃၇ ဂိုးနဲ့ ဆွတ်ခူးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

 

ယင်းဆုကိုတော့ အသင်းဖော် ဥရုဂွေးတိုက်စစ်မှူး လူးဝစ်ဆွာရက်က ပေးအပ်ပေးခဲ့တာ ဖြစ်ပြီး မက်ဆီအနေနဲ့ ယခုတစ်ကြိမ် ဆုဆွတ်ခူး နိုင်ခဲ့တာကြောင့် ရီးရဲမက်ဒရစ်အသင်းမှ ပေါ်တူဂီ ကစားသမားရော်နယ်ဒိုရဲ့ စံချိန်ကို လိုက်မီနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။

Postby

Source- BBC SPORT

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD