AD
AD
AD
play

 

စနေနေ့ည ၉ နာရီ ၄၅ မိနစ်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ရီးရဲမက်ဒရစ်အသင်းနဲ့ မာလာဂါအသင်းတို့ရဲ့ပွဲစဉ်မှာ ရီးရဲမက်ဒရစ်အသင်းက ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

play

 

ရီးရဲမက်ဒရစ်အသင်းဟာ တိုက်စစ်မှာ ခရစ်စတီယာနိုရော်နယ်ဒိုနဲ့ ဘန်ဇီးမားတို့ကို အသုံးပြုပြီး ပွဲထွက်လာခဲ့ပါတယ်။ ပထမပိုင်း စတင်ပြီး ၉ မိနစ်မှာ ဘန်ဇီးမားက ရီးရဲမက်ဒရစ်အသင်းအတွက် အဖွင့်ဂိုးကို စတင်သွင်းယူခဲ့ပါတယ်။ မာလာဂါအသင်းကလည်း ချေပဂိုး ပြန်လည်ရရှိဖို့အတွက် တိုက်စစ်ဆင်ကစားခဲ့ရာ ၁၈ မိနစ်မှာ ဒီယေဂိုရိုလန်က မာလာဂါအသင်းအတွက် ချေပဂိုးကို ပြန်လည်သွင်းယူပေးခဲ့နိုင်ပါတယ်။

play

ရီးရဲမက်ဒရစ်အသင်းဟာ အိမ်ကွင်း ဘာနေဗျူးမှာ ပုံစံကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး ၂၁ မိနစ်မှာ ကက်စ်မဲရိုးက ရီးရဲမက်ဒရစ်အသင်းအတွက် ဒုတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ မာလာဂါအသင်းအနေနဲ့ ချေပဂိုး ပြန်လည်သွင်းယူနိုင်ဖို့ ကြိုးစားခဲ့ပြီး အဆုံးသတ်သွင်းယူရာမှာ လိုအပ်ချက်တွေရှိနေခဲ့ပြီး ရီးရဲမက်ဒရစ်အသင်းရဲ့နောက်ခံကစားသမားနဲ့ ဂိုးသမား အကောင်းဆုံးကာကွယ်နိုင်ခဲ့တာကြောင့် ပထမပိုင်း ပြီးဆုံးချိန်အထိ ဂိုး ထပ်မံသွင်းယူနိုင်ခြင်းမရှိခဲ့ပါဘူး။

play

 

ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာတော့ မာလာဂါအသင်းက ချေပဂိုး ပြန်လည်ရရှိရေးအတွက် တိုက်စစ်ကို မြှင့်တင်ကစားခဲ့ပြီး ၅၈ မိနစ်မှာ ဂွန်ဇာလိုကက်စ်ထရိုက မာလာဂါအသင်းအတွက် ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ရီးရဲမက်ဒရစ်အသင်းဟာ ဇယားထိပ်ဆုံးက ဘာစီလိုနာအသင်းကို ဖိအားပေးနိုင်ဖို့အတွက် နိုင်ပွဲရရှိဖို့ မဖြစ်မနေလိုအပ်နေတာကြောင့် မာလာဂါအသင်းဘက်ကို တရကြမ်းတိုက်စစ်ဆင်ကစားခဲ့ပါတယ်။

play

 

၇၆ မိနစ်မှာ မာလာဂါအသင်းရဲ့နောက်ခံကစားသမား လူးဝစ်ဟာနန်ဒက်ဟာ ပင်နယ်တီဧရိယာထဲမှာ လူကာမိုဒရစ်ကို ကစားပုံကြမ်းတမ်းခဲ့တာကြောင့် ကွင်းလယ်ဒိုင်က ပင်နယ်တီကန်ခွင့်ပေးခဲ့ပြီး ခရစ်စတီယာနိုရော်နယ်ဒိုက ကန်သွင်းရာမှာ ဂိုးသမား ကာကွယ်နိုင်ခဲ့ပေမယ့် ရော်နယ်ဒိုရဲ့ရှေ့ကို ဘောလုံးပုတ်ထုတ်မိတာကြောင့် ရော်နယ်ဒိုက အပိုင်ပိတ်သွင်းယူပြီး ရီးရဲမက်ဒရစ်အသင်းအတွက် တတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

play

 

ရီးရဲမက်ဒရစ်အသင်းဟာ ပြီးခဲ့တဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ ဒါဘီပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး ဇယားထိပ်ဆုံးက ဘာစီလိုနာအသင်းနဲ့ ၁၀ မှတ်အထိ ကွာဟနေခဲ့ပါတယ်။ ယနေ့ပွဲစဉ်မှာ အနိုင်ရရှိခဲ့တာကြောင့် ၁၃ ပွဲကစားပြီးချိန်မှာ ၂၇ မှတ်နဲ့ စတုတ္ထနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

Photos:

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD