play

 

ရီးရဲမက်ဒရစ်အသင်းဟာ လာမယ့်နွေရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့တောင်ပံကစားသမား အန်သိုနီမာရှယ်ကို ပေါင်သန်း ၈၀ နဲ့ ခေါ်ယူသွားဖို့ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။

play

 

လက်ရှိ လာလီဂါချန်ပီယံဖြစ်တဲ့ ရီးရဲမက်ဒရစ်အသင်းဟာ ယခုရာသီအစကတည်းက ချန်ပီယံဆုကို ကာကွယ်ဖို့အတွက် ရုန်းကန်နေရပြီး လက်ရှိအချိန်မှာ စတုတ္ထနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရတဲ့ ဂါရတ်ဘေးလ်ကို ရီးရဲမက်ဒရစ်အသင်းအနေနဲ့ စိတ်ပျက်နေပြီး လာမယ့်နွေရာသီမှာ ရောင်းထုတ်ဖို့ စီစဉ်နေတယ်လို့ မကြာသေးမီက သတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက် မာရှယ်ကို ခေါ်ယူဖို့ပြင်ဆင်နေတဲ့ သတင်းထွက်ပေါ်လာတာဖြစ်ပါတယ်။

play

 

ရီးရဲမက်ဒရစ်အသင်းရဲ့နည်းပြ ဇီဒန်းဟာ ပြီးခဲ့တဲ့နွေရာသီက မိုနာကိုအသင်းရဲ့လူငယ်ကစားသမား ဘတ်ပီကို ခေါ်ယူဖို့ ပစ်မှတ်ထားခဲ့ပေမယ့် ပီအက်စ်ဂျီအသင်းက လက်ဦးမှုရယူသွားခဲ့တာကြောင့် လာမယ့်နွေရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့တောင်ပံကစားသမား မာရှယ်ကို ဂါရတ်ဘေးလ်ရဲ့နေရာမှာ အစားထိုးဖို့အတွက် ပစ်မှတ်ထားခေါ်ယူသွားဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

play

 

The Sun သတင်းဌာနရဲ့ရေးသားချက်အရ ရီးရဲမက်ဒရစ်အသင်းရဲ့နည်းပြ ဇီဒန်းဟာ အသက်အရွယ်အရ ခြေစွမ်းကျဆင်းလာပြီဖြစ်တဲ့ တောင်ပံကစားသမား ခရစ်စတီယာနိုရော်နယ်ဒိုရဲ့နေရာမှာရော တိုက်စစ်မှာပါ အသုံးပြုနိုင်ဖို့အတွက် အန်သိုနီမာရှယ်ကို လာမယ့်နွေရာသီမှာ မဖြစ်မနေ ခေါ်ယူသွားမယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
More From

International Sports

Video