AD
AD
AD

ဘာစီလိုနာအသင်းဟာ ကြယ်ပွင့်ကစားသမား မက်ဆီကို ယူရိုသန်း ၇၀၀ ပေးမှ အခြားအသင်းက ခေါ်ယူနိုင်မယ့် သဘောတူညီချက်နဲ့ စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့ပြီဖြစ်ပါတယ်။

 

အခုချုပ်ဆိုလိုက်တဲ့ စာချုပ်သစ်အရ မက်ဆီဟာ ဘာစီလိုနာအသင်းမှာ ၂၀၂၁ ခုနှစ်အထိ ရှိနေတော့မှာ ဖြစ်ပါတယ်။ မက်ဆီနဲ့ ဘာစီလိုနာအသင်း စာချုပ်အဟောင်းက အခုဘောလုံးရာသီအကုန်မှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။ စာချုပ်သစ်အတွက် မက်ဆီနဲ့ သဘောတူညီမှုရထားတယ်လို့ ဘာစီလိုနာအသင်းက ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက ကြေညာခဲ့ပေမယ့် ကစားသမားဘက်က လက်မှတ်မထိုးသေးလို့ အပြောင်းအရွှေ့ ကောလာဟလပေါင်းများစွာ ထွက်ပေါ်ခဲ့ပါတယ်။

play

 

မက်ဆီကို မန်စီးတီးအသင်းက ခေါ်ယူဖို့ ကြိုးစားနေတယ်ဆိုတဲ့ သတင်းတွေဟာ အခုစာချုပ်သစ်လက်မှတ်ရေးထိုးအပြီးမှာ ပျောက်ကွယ်သွားပြီဖြစ်ပါတယ်။ နေမာကိုစာချုပ်မပြည့်ခင် အခြားအသင်းက ခေါ်ယူချင်တယ်ဆိုရင် ယူရိုသန်း ၇၀၀ ပေးလျော်ရမှာဖြစ်လို့ ပီအက်စ်ဂျီကို ပြောင်းရွှေ့သွားတဲ့ နေမာထက် သုံးဆပိုများတဲ့ လျော်ကြေးဖြစ်ပါတယ်။

play

 

စာချုပ်သစ်ချုပ်ဆိုခဲ့ပြီးတဲ့နောက် ကစားသမားဘဝကို ဘာစီလိုနာအသင်းနဲ့သာ အဆုံးသတ်လိုကြောင်း မက်ဆီက ပြောကြားခဲ့ပါတယ်။ “  အသင်းနဲ့ ရှေ့ဆက်ရဦးမှာဖြစ်လို့ ပျော်ပါတယ်။ ဒီအသင်းဟာ ကျွန်တော့်ရဲ့ အိမ်ပါပဲ။ ကျွန်တော့်ရဲ့ အိပ်မက်က ကစားသမားဘဝကို ဘာစီလိုနာအသင်းနဲ့ ကုန်ဆုံးဖို့ပါ။ အသင်းနဲ့အတူ အောင်မြင်မှုတွေ ဆက်ယူဖို့ ရည်ရွယ်ထားပါတယ်။ ဖလားပြခန်းထဲမှာ ဖလားတွေ ပြည့်သွားတဲ့အထိ အောင်မြင်မှု ယူပေးချင်ပါတယ်။” လို့ မက်ဆီက အသင်းပိုင်ဝက်ဘ်ဆိုက်က ပြောခဲ့တာ ဖြစ်ပါတယ်။

play

 

မက်ဆီရဲ့ လစာကိုအသင်းက မကြေညာပေမယ့် တစ်လကို ယူရိုခြောက်သိန်းကျော် ရတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ အပိုဆုကြေးတွေနဲ့ဆိုရင် မက်ဆီဟာ စာချုပ်သစ်အတွက် ယူရိုသန်း ၁၀၀ ကျော်လောက် ရမှာ ဖြစ်ပါတယ်။

Source : ESPN

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD