play

 

ပြီးခဲ့တဲ့နွေရာသီက ဘာစီလိုနာအသင်းကနေ ပီအက်စ်ဂျီအသင်းကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့သွားခဲ့တဲ့ နေမာနဲ့ပတ်သက်ပြီး မက်ဆီက နေမာကို ပီအက်စ်ဂျီအသင်းထံ ရောင်းချခဲ့တာဟာ ဘာစီလိုနာအသင်းကို ပိုပြီးကောင်းမွန်လာစေခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။

"နေမာထွက်ခွာသွားခြင်းဟာ ကျွန်တော်တို့ ကစားတဲ့ပုံစံကို ပြောင်းလဲဖို့ အကြောင်းအရင်းဖြစ်လာခဲ့ပါတယ်"

"ကျွန်တော်တို့အသင်းအတွက် တိုက်စစ်အားကောင်းတဲ့ပုံစံကို ဆုံးရှုံးခဲ့ပေမယ့် ခံစစ်အမြင် ပိုပြီး ရှိလာစေခဲ့ပါတယ်"

"လက်ရှိမှာတော့ ကျွန်တော်တို့ အများဆုံးကွင်းလယ်မှာ အားပြုပြီး ကစားနေကြတယ်။ အဲဒါက အသင်းကို ပိုပြီးဟန်ချက်ညီစေသလို ခံစစ်ကိုလည်း ပိုပြီးတော့ တောင့်တင်းစေပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

play

 

ဘာစီလိုနာအသင်းရဲ့ကြယ်ပွင့်ကစားသမား မက်ဆီက သူ့အနေနဲ့ ဘာစီလိုနာအသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ဘာကြောင့် ဆုံးဖြတ်ခဲ့သလဲဆိုတာကိုလည်း ပြောကြားခဲ့ပါတယ်။

play

 

ဘာစီလိုနာအသင်းနဲ့ မက်ဆီတို့ဟာ စနေနေ့က ၄ နှစ် သက်တမ်းတိုးစာချုပ်သစ်ကို ချုပ်ဆိုခဲ့ကြပြီး မက်ဆီဟာ လာမယ့် ၂၀၂၁ ခုနှစ်အထိ ဘာစီလိုနာအသင်းနဲ့အတူ ဆက်ရှိနေမှာဖြစ်ပြီး မက်ဆီကို ခေါ်ယူလိုတဲ့အသင်းဟာ စာချုပ်ပါလျော်ကြေး ယူရို သန်း ၇၀၀ ပေးလျော်ရမှာဖြစ်ပါတယ်။

play

 

"ကျွန်တော့်ရဲ့အိမ်ဖြစ်တဲ့ ဘာစီလိုနာအသင်းနဲ့ဆက်ရှိနေတော့မှာဖြစ်တဲ့အတွက် ပျော်ရွှင်မိပါတယ်"

"ကျွန်တော့်ရဲ့အိပ်မက်က ဘာစီလိုနာအသင်းမှာ ကစားသမားဘဝကို ကုန်ဆုံးသွားဖို့ပါ"

"ကျွန်တော့်ရဲ့ ရည်မှန်းချက်က အသင်းရဲ့ဆုဖလားဘီရိုထဲမှာ နောက်ထပ်ဆုဖလားတွေ ထပ်ဖြည့်ပေးဖို့နဲ့ ဘာစီလိုနာအသင်းမှာ ဆက်ပြီး သမိုင်းသစ်တွေ ရေးထိုးဖို့ပါပဲ"

"ကျွန်တော်တို့ နိုင်ပွဲတွေ အများကြီးရလောက်အောင် ကံကောင်းခဲ့ကြပါတယ်။ လာမယ့်အနာဂတ်မှာလည်း ခုထက်ပိုပြီး နိုင်ပွဲတွေ ရရှိမယ်လို့ မျှော်လင့်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

Source & Photos: Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video