AD
AD
AD
play

ဘာစီလိုနာအသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုခဲ့တဲ့ မက်ဆီက မိမိနဲ့ ရော်နယ်လ်ဒိုတို့ဟာ ဘယ်တော့မှ ရင်းနှီးတဲ့ မိတ်ဆွေတွေဖြစ်လာမှာ မဟုတ်ပါဘူးလို့ ပြောကြားခဲ့ပါတယ်။

play

မက်ဆီအနေနဲ့ မိတ်ဆွေတစ်ယောက်ဖြစ်လာဖို့ လုံလောက်တဲ့ အချိန်ကာလတစ်ခုအထိ ပြောဆိုဆက်ဆံမှုတွေ ရှိဖို့ လိုအပ်တယ်လို့ ယူဆထားပြီး မိမိနဲ့ ရော်နယ်လ်ဒိုတို့မှာ ဒီလိုအချိန်တွေ မရှိတာကြောင့် မိတ်ဆွေတွေ ဖြစ်လာစရာအကြောင်းမရှိဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

play

 

ကမ္ဘာ့အကောင်းဆုံးကစားသမား ၂ ဦးအဖြစ် အားလုံးက သတ်မှတ်ထားကြတဲ့ မက်ဆီနဲ့ ခရစ်စတီယာနိုရော်နယ်ဒိုတို့ဟာ မီဒီယာတွေရဲ့ ပြိုင်ဘက်အသွင်ဆောင်ပြီး ရေးသားနေမှုဟာ သူတို့ ၂ ဦးအကြားမှာ ဘာပြဿနာမှ မဖြစ်စေခဲ့ပေမယ့် ရင်းနှီးတဲ့ဆက်ဆံရေး တည်ဆောက်ဖို့ကတော့ အချိန်လုံလောက်စွာ မရှိကြဘူးလို့ မက်ဆီက ပြောကြားခဲ့ပါတယ်။

“သူနဲ့ ကျွန်တော် သူငယ်ချင်းတွေဖြစ်လာနိုင်မလားဆိုတာ သေချာမသိပါဘူး။ မဖြစ်လာဖို့က ပိုများပါတယ်။ ဘာကြောင့်လဲဆိုတော့ သူငယ်ချင်းတွေဖြစ်ဖို့ဆိုတာ လုံလောက်တဲ့ အချိန်တစ်ခုပေးပြီး ပြောဆိုဆက်ဆံနေမှ ဖြစ်တာပါ။ သူနဲ့ ကျွန်တော့အကြားမှာ ဒီလို ဆက်ဆံရေးမျိုး မရှိပါဘူး။ ကျွန်တော်တို့ ၂ ယောက် စကားပြောဖြစ်တဲ့ နေရာဆိုလို့ ဆုပေးပွဲအခမ်းအနားတွေမှာပါပဲ ပြောဖြစ်တာပါ”

“သူနဲ့ လက်ရှိ ဆက်ဆံရေးကတော့ ကောင်းပါတယ်။ ဒါပေမယ့် ရင်းနှီးတဲ့အဆင့်အထိ ဖြစ်လာဖို့ဆိုတာကတော့ မလွယ်ကူပါဘူး” လို့ မက်ဆီက ပြောကြားသွားခဲ့ပါတယ်။

မက်ဆီနဲ့ ခရစ်စတီယာနိုရော်နယ်ဒိုတို့ဟာ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းကနေ ယနေ့အချိန်အထိ ဘောလုံးလောကကို လွှမ်းမိုးထားနိုင်ခဲ့ပြီး နောက်ဆုံး ၉ နှစ်အတွင်း ပေးအပ်ချီးမြှင့်ခဲ့တဲ့ Ballon d’or ဆုကို မက်ဆီ က ၅ ကြိမ်၊ ရော်နယ်လ်ဒိုက ၄ ကြိမ် ရရှိထားခဲ့ပြီး ယခုနှစ်မှာ ပေးအပ်မယ့်ဆုကိုတော့ ရော်နယ်လ်ဒိုက ရရှိဖို့ ရေပန်းစားနေတာဖြစ်ပါတယ်။

Source & Photos: Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD