AD
AD
AD
play

 

ရီးရဲမက်ဒရစ်အသင်းရဲ့နည်းပြ ဇီဒန်းဟာ လာမယ့်ဇန်နဝါရီလမှာ အသင်းရဲ့ကြယ်ပွင့်ကစားသမားတွေ အပြောင်းအရွှေ့ဖြစ်ပေါ်နိုင်တယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆိုခဲ့ပြီး ဘယ်ကစားသမားကိုမှ ရောင်းချမှာမဟုတ်ဘူးလို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

play

 

မန်ချက်စတာယူနိုက်တက်အသင်းဟာ မကြာသေးခင်ကမှ ရီးရဲမက်ဒရစ်အသင်းရဲ့တောင်ပံကစားသမား ဂါရတ်ဘေးလ်ကို ခေါ်ယူမယ်လို့ သတင်းတွေထွက်ပေါ်ခဲ့တာဖြစ်ပြီး ဇီဒန်းက ဇန်နဝါရီလမှာ ဘယ်ကစားသမားကိုမှ ထွက်ခွာခွင့်မပြုဘူးလို့ ပြောကြားလိုက်တာဖြစ်ပါတယ်။

play

 

"ဂါရတ်ဘေးလ်က ကျွန်တော်တို့အတွက် ဘာတွေယူဆောင်ပေးနိုင်လဲဆိုတာ ကျွန်တော်တို့သိပါတယ်"

"သူ့ရဲ့ဒဏ်ရာပြဿနာနဲ့ပတ်သက်ပြီးတော့ အများကြီးပြောနေတာတွေရှိတယ်ဆိုတာတော့ မှန်ပါတယ်။ သူ့အနေနဲ့က အသင်းအတွက် ၃ ပွဲပဲ ကစားပေးရသေးတာပါ"

"သူ့ကို ကြံ့ခိုင်မှု ၁၀၀ ရာခိုင်နှုန်းအပြည့်နဲ့ ပြန်လိုချင်ပါတယ်။ သူ့အနေနဲ့ ဒဏ်ရာရရှိနေတဲ့အခုအချိန်နဲ့ ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာပြီး အသင်းအတွက် ပုံမှန်ခြေစွမ်းနဲ့ ပြန်လာနိုင်ဖို့ဆိုတဲ့ အတိုင်းအတာနှစ်ခုက သိပ်အများကြီးအချိန်ယူရလောက်အောင် ကွာဟနေမှာမဟုတ်ပါဘူး"

"လာမယ့် ဆောင်းရာသီအပြောင်းအရွှေ့ဈေးကွက်မှာ ဘယ်သူမှ ထွက်ခွာမှာမဟုတ်ပါဘူး"

"ဒါပေမယ့် အဲဒီအချိန်ရောက်လာရင် အရာအားလုံးဖြစ်ပျက်သွားနိုင်ပါတယ်။ ကျွန်တော်တို့ ကြည့်ကြသေးတာပေါ့"

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD