AD
AD
AD

အီတလီ စီးရီးအေ ကလပ် အေစီမီလန်အသင်းမှာ ရလဒ်တွေ ဆိုးရွားနေတဲ့ နည်းပြ မွန်တယ်လားကို အသင်းမှ ထုတ်ပယ်ခဲ့ပြီး ကစားသမားဟောင်း ဂတ်တူဆိုကို နည်းပြသစ်အဖြစ် ပြောင်းလဲ ခန့်အပ် လိုက်ပြီ ဖြစ် ပါတယ်။

play
ထုတ်ပယ်ခံလိုက်ရတဲ့ နည်းပြ မွန်တယ်လား

 

တိုရီနိုအသင်းကို အိမ်ကွင်းမှာ ဂိုးမရှိ သရေကျခဲ့ပြီးနောက် အေစီမီလန်အသင်းဟာ ထိပ်ဆုံးမှ ဦးဆောင်နေတဲ့ နာပိုလီ အသင်းနောက် အဆင့် ၇ နေရာတွင် ၁၈ မှတ်အကွာနဲ့ ရပ်တည်နေရပြီလည်း ဖြစ်ပါ တယ်။

play
နည်းပြသစ်ဖြစ်လာတဲ့ ကစားသမားဟောင်း ဂတ်တူဆို

 

လက်ရှိမှာတော့ ကစားသမားဟောင်း ဂတ်တူဆိုကို နည်းပြသစ်အဖြစ်ခန့်အပ်လိုက်ပြီလည်း ဖြစ်ပါတယ်။

 

အဆိုပါ အသက် ၃၉ နှစ်အရွယ် အီတလီလက်ရွေးစင်အနေနဲ့ ၁၉၉၉ နဲ့ ၂၀၁၃ ခုနှစ်တွေမှာ အေစီမီလန်အသင်းနဲ့အတူ စီးရီးအေ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့သလို ချန်ပီယံလိဂ် ဖလားကိုလည်း နှစ်ကြိမ် ရယူ နိုင်ခဲ့ပါတယ်။

၎င်းအနေနဲ့ အေစီမီလန်အသင်းကို အင်္ဂါနေ့မှာ စတင်မယ့် လေ့ကျင့်ရေး အစီအစဉ်ကနေ စတင်တာဝန်ယူ ကိုင်တွယ်မှာ ဖြစ်ပါတယ်။

အေစီမီလန်အသင်းအနေနဲ့ ယခုနှစ်ရာသီမှာ ပေါင် ၂၀၅ သန်းအထိ အသုံးပြုကာ ကစားသမားခေါ်ယူမှု ပြုလုပ်ထားခဲ့ပေမယ့်လည်း နည်းပြ မွန်တယ်လား လက်ထက်မှာ စီးရီးအေ ပြိုင်ပွဲတွင် အဆင့် ၇ နေရာမှာ ရပ်တည် နေနိုင်ပြီး ယူရိုပါလိဂ် ပြိုင်ပွဲမှာတော့ အုပ်စုဗိုလ်နဲ့ နောက်တစ်ဆင့် တက်ရောက်ခဲ့ပြီ ဖြစ်ပါတယ်။

Postby

 

Source- BBC SPORT

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD