၂၀၁၆-၁၇ ခုနှစ် ဘောလုံးရာသီအတွက် အီတလီစီးရီးအေ တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို ပေးအပ်ချီးမြှင့်ရာမှာတော့ ဂျူဗင်တပ်အသင်းမှ အီတလီ လက်ရွေးစင်ဟောင်း ဂိုးသမားကြီး ဘူဖွန်က ဆွတ်ခူးရရှိခဲ့ ပါတယ်။

play

 

ဒါ့အပြင် စီးရီးအေ တစ်နှစ်တာ အကောင်းဆုံးအသင်းမှာလည်း ဂျူဗင်တပ်အသင်းက ၇ ဦးအထိ အများဆုံး ပါဝင်နေခဲ့ပြန်ပါတယ်။

play

 

အဆိုပါ အသင်းမှာတော့ ဂိုးသမား ဘူဖွန်၊နောက်ခံလူ အဲလ်ဗက်၊ဘူနော့ချီ၊ဆန်ဒရို၊ပီဂျာနစ်၊ဟီဂူအင်၊ဒိုင်ဘာလာတို့   အပြင် ကာလီဘာလီ၊နိုင်ဂိုလန်၊ဟမ်ဆစ်နဲ့ မာတင်တို့ ပါဝင်ခဲ့ပါတယ်။

 

တစ်နှစ်တာအကောင်းဆုံးအသင်းအဖြစ်လည်း ဂိုးသမားကြီး ဘူဖွန်ရဲ့ ဂျူဗင်တပ်အသင်းက ရရှိခဲ့ပါတယ်။

၁၉၉၇ ခုနှစ်ကနေ စတင်ပေးခဲ့တဲ့ အီတလီတစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ဂိုးသမားတစ်ယောက်အနေနဲ့ ပထမဆုံး ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

Postby

Source- Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video