ချဲလ်ဆီးအသင်းအနေနဲ့ ဂျာမန် ဒေါ့မွန်အသင်းမှာ အဆင်မပြေဖြစ်နေတဲ့ ဂါဘွန်တိုက်စစ်မှူး အူဘာမီယန်းကို လာမယ့် ဇန်န၀ါရီ အပြောင်းအရွှေ့မှာ ခေါ်ယူနိုင်ရေး တရားဝင်ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပြီလို့ သိရပါတယ်။

play

 

အူဘာမီယန်းအနေနဲ့ ဒေါ့မွန်အသင်းနဲ့အတူ ၁၉ ပွဲကစားကာ ၁၇ ဂိုးအထိ သွင်းယူပေးထားနိုင်တဲ့ ကစားသမားတစ်ဦး ဖြစ်ပေမယ့်လည်း စည်းကမ်းပိုင်းအားနည်းမှုတစ်ချို့ကြောင့်ဒေါ့မွန်အသင်းရဲ့ ပြစ်ဒဏ်ပေးမှုကို ခံခဲ့ရပါတယ်။

 

လက်ရှိမှာ တိုက်စစ်မှူး စစ်စစ်အဖြစ် မိုရာတာ တစ်ဦးတည်းသာ ရှိနေတဲ့ ချဲလ်ဆီးအသင်းအတွက် အူဘာမီယန်းအနေနဲ့ အကောင်းဆုံးခေါ်ယူမှု ဖြစ်လာဖွယ်ရှိနေသလို လက်ရှိတိုက်စစ်မှူး မိုရာတာမှာလည်း ခြေကျင်းဝတ် ဒဏ်ရာပြဿနာ အနည်းငယ်ရှိနေတာကြောင့်လည်း အခုလို တိုက်စစ်မှူး တစ်ဦးကို ထပ်မံခေါ်ယူချင်နေ တာလည်း ဖြစ်ပါတယ်။

ပြောင်းရွှေ့ကြေးကိုဖော်ပြထားခြင်းမရှိပေမယ့် အူဘာမီယန်းအနေနဲ့ ဒေါ့မွန်မှ ထွက်ခွာချင်နေတာကြောင့် လာမယ့် ဇန်န၀ါရီ မှာ အသင်းပြောင်းရွှေ့ဖြစ်မလားဆိုတာ စိတ်ဝင်စားဖွယ်စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

Postby

Source- BBC SPORT

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video