AD
AD
AD

ရီးရဲမက်ဒရစ်အသင်းရဲ့ ဝေးလ်တောင်ပံ ကစားသမားဂါရတ်ဘေးလ်အနေနဲ့ အင်္ဂါနေ့(ယနေ့)ညမှာ  ယှဉ်ပြိုင်ကစားမယ့် ရီးရဲအသင်းနဲ့ ဖလူအန်ရာဘရာဒါ အသင်းတို့ရဲ့ ကိုပါဒယ်ရေးဖလား ဒုတိယအကျော့ရှုံးထွက် ပွဲစဉ်မှာ အသင်းအတွက် ၂ နှစ်လအတွင်း ပထမဆုံး အကြိမ် ပြန်လည်ပွဲထွက်ကစားပေးမယ်လို့ သိရပါတယ်။

play

 

ဘေးလ်မှာ ခြေသလုံး ကြွက်သား ဒဏ်ရာနဲ့ ပေါင်ခြံဒဏ်ရာတို့ကြောင့် ၂ လခန့်အနားယူနေခဲ့ရာမှ ယခုအခါ ပြန်လည် သက်သာလာခဲ့တာလည်း ဖြစ်ပါတယ်။

 

အသက် ၂၈ နှစ်အရွယ် ဘေးလ်အနေနဲ့ အဆိုပါ ဒဏ်ရာများကြောင့် ရီးရဲအသင်းက ဒေါ့မွန်အသင်းကို ၃-၁ ဂိုးနဲ့ အ နိုင်ရခဲ့တဲ့ချန်ပီယံလိဂ်ပွဲမှစတင်ကာ ရီးရဲအသင်းအတွက် ပါဝင်နိုင်ခြင်း မရှိတော့တာ ဖြစ်ပါတယ်။

ယနေ့ည(ဗုဒ္ဓဟူးနေ့နံနက်)မှာ ကစားမယ့် ကိုပါဒယ်ရေး ပွဲမှာတော့ ဘေးလ်ပြန်လည်ပါဝင်နိုင်ပြီလို့ နည်းပြချုပ်ဇီဒန်းက ထုတ်ဖော်ပြောခဲ့တာလည်း ဖြစ်ပါတယ်။

“ဘယ်အချိန်သူပြန်ကောင်းလာမလဲ ကျွန်တော် အတိအကျမသိခဲ့ပါဘူး။အခုလို အချိန်မှာ သူပြန်ကောင်းလာတာ အသင်းအတွက်တော့ သတင်းကောင်းပါပဲ။ယနေ့ညပွဲမှာလည်း ပါဝင်ကစားလာဖို့ ရှိနေပါတယ်။အရင်လို ခြေစွမ်းမျိုးပြန်လည်ရဖို့ မျှော်လင့်နေပါတယ်။” လို့ ရီးရဲနည်းပြ ဇီဒန်းက ပြောကြားခဲ့ပါတယ်။

ဘေးလ်အနေနဲ့ ရီးရဲအသင်းအတွက် ၁၅၉ ပွဲကစားပေးထားပြီး ဂိုး ၇၀ အထိသွင်းယူပေးထားနိုင်သူလည်း ဖြစ်ကာ ချန်ပီယံလိဂ် ဖလား ၃ ကြိမ်နဲ့ လာလီဂါဖလား တစ်ကြိမ်တို့ကို ဆွတ်ခူးထားနိုင်ပါတယ်။

Postby

Source- BBC SPORT

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD