AD
AD
AD
play

 

ယနေ့နံနက် ၃ နာရီမှာ ကိုပါဒီရေးဖလား ၃၂ သင်းပတ်လည် ဒုတိယအကျော့ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ဖျူအန်လာဘရာဒါအသင်းတို့ရဲ့ပွဲစဉ်မှာ တစ်ဖက် ၂ ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့ပါတယ်။

play

 

ရီးရဲလ်မက်ဒရစ်အသင်းဟာ ယနေ့ပွဲစဉ်မှာ အဓိက ကစားသမားအများစုကို အနားပေးခဲ့ပြီး ဒုတိယပိုင်းမှာ ဒဏ်ရာကနေ ပြန်လည်သက်သာလာတဲ့ ဂါရတ်ဘေးလ်ကို ထည့်သွင်းအသုံးပြုခဲ့ပါတယ်။ ပထမပိုင်းမှာ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် ဂိုးကန်သွင်းခွင့်ရရှိခဲ့ကြပြီး ၂၅ မိနစ်မှာ ဖျူအန်လာဘရာဒါအသင်းအတွက် အဖွင့်ဂိုးကို လူးဝစ်မေလာက သွင်းယူပေးခဲ့ပါတယ်။

play

 

ဒုတိယပိုင်းမှာတော့ ရီးရဲမက်ဒရစ်အသင်းက ဖျူအန်လာဘရာဒါအသင်းကို တစ်ဖက်သတ်ဖိအားပေးကစားနိုင်ခဲ့ပြီး ၆၁ မိနစ်မှာ ဂါရတ်ဘေးလ် ဝင်ရောက်ကစားခဲ့ပြီး ၆၂ မိနစ်မှာ ဂါရတ်ဘေးလ်ရဲ့ဖြတ်တင်ပေးပို့မှုကနေတစ်ဆင့် မာရော်ရယ်က ခေါင်းတိုက်သွင်းယူပြီး ရီးရဲလ်မက်ဒရစ်အသင်း ချေပဂိုး စတင်ရရှိခဲ့ပါတယ်။

play

 

မိနစ် ၇၀ မှာ မာရော်ရယ်ကပဲ ဂါရတ်ဘေးလ် ကန်သွင်းလိုက်တဲ့ဘောလုံး ဂိုးသမားဆီက ပြန်လျှံထွက်လာတာကို တစ်ချက်ထိန်းပြီး ကန်သွင်းယူနိုင်ခဲ့တာကြောင့် ရီးရဲလ်မက်ဒရစ်အသင်းက ဒုတိယမြောက်ဦးဆောင်ဂိုး ရရှိခဲ့ပါတယ်။ ဖျူအန်လာဘရာဒါအသင်းဟာ ချေပဂိုးတွေ ပြန်လည်ရရှိဖို့ ကြိုးစားခဲ့ပြီး လူစားလဲလှယ်မှုတွေ ပြုလုပ်ပြီး ကစားအား မြှင့်တင်ခဲ့ပါတယ်။ ၈၉ မိနစ်မှာ ဖျူအန်လာဘရာဒါအသင်းဟာ တန်ပြန်တိုက်စစ်ကနေ တစ်ဆင့် ပေါ်တီလာက ဂိုးသမားနဲ့တစ်ဦးချင်းတွေ့ဆုံခဲ့ရာ ၂ ဆင့်ကန်သွင်းပြီး ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။

play

 

ယနေ့ပွဲစဉ်မှာ တစ်ဖက် ၂ ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့ပေမယ့် ရီးရဲလ်မက်ဒရစ်အသင်းဟာ ပထမအကျော့အဝေးကွင်းမှာတုန်းက ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာကြောင့် ၂ ကျော့ပေါင်းရလဒ် ၄ ဂိုး ၂ ဂိုးနဲ့ ၁၆ သင်းပတ်လည်အဆင့်ကို တက်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။

Photos:

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD