AD
AD
AD

ဂျာမန်ကလပ် ရှော်လ်ကေးအသင်းမှ ဂျာမနီလက်ရွေးစင် လူငယ်ကစားသမား ဂေါ်ရက်ကာကို စာချုပ်သက်တမ်း တိုးနိုင်ရေး ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

play

 

ယခုနှစ်ရာသီကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်တဲ့ လီယွန်ကို ဥရောပ ထိပ်တန်းကလပ်အသင်းများ ဖြစ်တဲ့ အာဆင်နယ်၊ဘာစီလိုနာ၊ဘိုင်ယန်မြူးနစ်၊ဂျူဗင်တပ်၊လီဗာပူးနဲ့ မန်ယူအသင်းတို့က ခေါ်ယူဖို့ စောင့်ကြည့် နေတာလည်း ဖြစ်ပါတယ်။

play

 

ရာသီအကုန်မှာ အလွတ်ပြောင်းရွှေ့ခွင့်ပြုရတော့မယ့် ဂေါ်ရက်ကာကို ရှော်လ်ကေးအသင်းက တစ်နှစ်လျှင် ယူရို ၁၂ သန်းတန်ဖိုးရှိတဲ့ စာချုပ်သက်တမ်းတစ်ရပ်ကို ချုပ်ဆိုမှာလည်း ဖြစ်ပါတယ်။

စာချုပ်ပါ အချက်အလက်အရ တန်ကြေးမှာ ယူရို ၁၀ သန်းဖြစ်ပြီး ကစားသမားရဲ့ စွမ်းဆောင်ရည်ကိုကြည့်ပြီး နောက်ထပ် ၂သန်းထပ်မံတိုးပေးဖို့ရှိတဲ့နားလည်မှုစာချုပ်တစ်ရပ်ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဂေါ်ရက်ကာအနေနဲ့ ဂျာမန်ပြင်ပကိုထွက်ကစားလိုတယ်လို့ ထုတ်ဖော်ပြောထားသလို ပရီးမီး ယာလိဂ်မှာ ကစားလိုနေတယ်လို့ ထုတ်ဖော်ပြောထားတာတွေကြောင့် ရှော်ကေးအသင်းရဲ့ စာချုပ်ကို လက်ခံ ဖို့ ရှိမရှိ စိတ်ဝင်စားဖွယ်စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

Source- Goal.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD