ရုရှားနိုင်ငံမှာ ကျင်းပမယ့် ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကြီးအတွက် အုပ်စုမဲခွဲပွဲကို လာမယ့် ဒီဇင်ဘာလ ၁ ရက်နေ့မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

play

 

လက်ရှိမှာတော့ မဲခွဲမှုအကြို မဲအိုးခွဲခြားထားရှိထားပြီးတစ်အိုးလျှင် ၈ သင်းပါဝင်တဲ့ မဲအိုး ၄ အိုးခွဲခြားထားတာလည်း ဖြစ်ပါတယ်။

မဲအိုး နံပါတ် ၁ မှာတော့ ၇ နိုင်ငံသာ ပါဝင်ပြီး ကျန်တစ်နေရာစာကတော့ အိမ်ရှင်နိုင်ငံအတွက် သီးသန့် အလေး ပေးဖယ်ပေးထားတာလည်း ဖြစ်ပါတယ်။

မဲအိုးတစ်အိုးစီမှ အသင်းများကို ဆီဒင်အဆင့်သတ်မှတ်ချက်အလိုက် ခွဲခြားထားတာဖြစ်ပြီး တစ်အိုးစီမှ အသင်းများ အုပ်စုတစ်အုပ်စုတည်း ကျရောက်မှာ မဟုတ်ပါဘူး။

ဒါ့အပြင် ဥရောပတိုက်မှ လွဲ၍ ကျန်တိုက်များမှ အသင်းများတ စ်တိုက်စီမှ အသင်းနှစ်သင်း တစ်အုပ်စုတည်းမှာ ကျရောက်မှာ မဟုတ်ပေးဘူးလို့လည်း သိရပါတယ်။

ယနေ့မှာတော့ အုပ်စုမဲခွဲမှု အကြို စမ်းသပ်မဲခွဲမှု လက်တွေ့ပြုလုပ်ခဲ့ရာမှာတော့ နာမည်ကြီး အင်္ဂလန်အသင်းဟာ အိမ်ရှင်ရုရှားအသင်းနဲ့ တစ်အုပ်စုတည်းကျရောက်နေခဲ့တာကိုတွေ့မြင်ရပါတယ်။

ဒါဟာ ဖိုင်နယ် မဲခွဲပွဲမှာ တစ်ကယ်ဖြစ်လာမလားဆိုတာကိုလည်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတွေက စိတ်ဝင်တစား စောင့်ကြည့်နေတယ်လို့လည်း သိရပါတယ်။

Source- BBC SPORT

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video