play

 

ခရစ်စတီယာနိုရော်နယ်ဒိုရဲ့သားဖြစ်သူ ခရစ်စတီယာနိုရော်နယ်ဒိုဂျူနီယာကတော့ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားတစ်ယောက်ရဲ့သား ဆိုတာထက် ပိုတဲ့ လုပ်ရပ်တစ်ခုကို လုပ်ပြနိုင်ခဲ့တာလို့ ပြောရမှာဖြစ်ပါတယ်။

play

 

စပိန်နိုင်ငံက လူငယ်ဘောလုံးပွဲတစ်ခုမှာ အသက် ၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ခရစ်စတီယာနိုရော်နယ်ဒိုရဲ့သားဖြစ်သူက ပြစ်ဒဏ်ဘောကနေ ဂိုးထဲကို တိုက်ရိုက်ကန်သွင်းယူခဲ့တဲ့ဗီဒီယိုဖိုင်ကို ခရစ်စတီယာနိုရော်နယ်ဒိုကိုယ်တိုင် ဂုဏ်ယူစွာနဲ့ သူ့ရဲ့ Instagram လူမှုကွန်ရက်အကောင့်မှာ မျှဝေခဲ့ပါတယ်။

play

 

ရီးရဲမက်ဒရစ်အသင်းရဲ့တောင်ပံကစားသမား ခရစ်စတီယာနိုရော်နယ်ဒိုဟာ သားဖြစ်သူကို ချီးကျူးခဲ့ပြီး အိမ်မှာ ပြုလုပ်ခဲ့တဲ့ ပြစ်ဒဏ်ဘော ကန်သွင်းတဲ့လေ့ကျင့်ခန်းတွေကြောင့် အခုလို ဂိုးသွင်းယူနိုင်ခဲ့တာလို့ ပြောချင်တဲ့သဘောနဲ့ "တိုက်ဆိုင်တယ်ဆိုတာ တစ်ခုမှမရှိဘူး"လို့ ရေးသားပြီး ယင်းဗီဒီယိုကို မျှဝေခဲ့တာဖြစ်ပါတယ်။

Postby

 

ခရစ်စတီယာနိုရော်နယ်ဒိုဂျူနီယာဟာ ပြစ်ဒဏ်ဘောကို စိတ်တည်တည်ငြိမ်ငြိမ်နဲ့ပဲ လေ့ကျင့်သားရနေတဲ့ပုံစံနဲ့ အသာအယာကန်သွင်းခဲ့ရာမှာ ဂိုးသမားရဲ့ညာဘက်ဂိုးထောင့်ကို တန်းတန်းမတ်မတ်ဝင်သွားခဲ့ပြီး ရော်နယ်ဒိုဂျူနီယာက အောင်ပွဲမခံခဲ့ဘဲ ပုံမှန်ပြုလုပ်နေကျအလုပ်တစ်ခုကို လုပ်ခဲ့သလို သက်သက်သာသာပဲ ကွင်းလယ်စည်းဝိုင်းဆီကို ပြန်လျှောက်လာခဲ့တာကို တွေ့ခဲ့ရပါတယ်။

Source & Photos: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video