play


ယနေ့ည မြန်မာစံတော်ချိန် ၉ နာရီ ၃၀ မိနစ်မှာ ကျင်းပပြုလုပ်သွားမယ့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအဆင့် မဲခွဲရွေးချယ်ပွဲမှာ ကိုယ်အားပေးတဲ့အသင်းက အုပ်စုချောင်မလား၊ မရဏအုပ်စုထဲ ကျရောက်သွားမလားဆိုတာကို ကမ္ဘာတစ်လွှားက ပရိသတ်တွေအားလုံး ရင်ခုန်နေကြပြီဖြစ်ပါတယ်။

Postby

 

ယခုမဲခွဲရွေးချယ်မယ့် အုပ်စုပွဲစဉ်တွေကို လာမယ့် ၂၀၁၈ ခုနှစ် ဇွန်လ ၁၄ ရက်ကနေ ဇူလိုင်လ ၁၅ နေ့အတွင်းမှာ ယှဉ်ပြိုင်စေမှာဖြစ်ပါတယ်။ အုပ်စုအဆင့် မဲခွဲရွေးချယ်ပွဲ ပြုလုပ်မယ့်နေရာကတော့ ၁၉၆၁ ခုနှစ်က တည်ဆောက်ခဲ့ပြီး လူပေါင်း ၆ သောင်း ဝင်ဆံ့တဲ့ ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာရှိတဲ့ ကရင်မလင်နန်းတော်ကြီးမှာ ဖြစ်ပါတယ်။

play

 

ကရင်မလင်နန်းတော်ကြီးမှာ ပုံမှန်အားဖြင့် တေးဂီတဖျော်ဖြေပွဲတွေသာ ကျင်းပလေ့ရှိပြီး ပါဗာရော့တီ၊ ဂျိမ်းစ်ဘရောင်း၊ အဲရစ်ကလက်ပ်တန်၊ ဝှစ်တ်နေဟူစတန်၊ အယ်လ်တန်ဂျွန်နဲ့ စတင်းတို့ သီဆိုဖျော်ဖြေလေ့ရှိတဲ့နေရာဖြစ်ပါတယ်။

အုပ်စုအဆင့် မဲနှိုက်ရွေးချယ်ပွဲမှာ အစီအစဉ်တင်ဆက်သူတွေအဖြစ် အင်္ဂလန်လက်ရွေးစင်ကစားသမားဟောင်း ဂယ်ရီလိုင်နီကာနဲ့ ရုရှားအားကစားဂျာနယ်လစ် မာရီယာ ခိုမန်ဒညာရာတို့ ဖြစ်ပါတယ်။

မဲအိုး ၄ အိုးထဲက အသင်းတွေကို မဲနှိုက်ပေးမယ့်သူတွေကတော့ မာရာဒိုနာ၊ ကာဖူး၊ ပူယိုးလ်၊ လောရန့်ဘလန့်စ်၊ ဂေါ်ဒွန်ဘန့်ခ်၊ ကနာဗားရိုး၊ နီကီတာဆီမွန်ညမ်နဲ့ ဒီယေဂိုဖော်လန်တို့ ဖြစ်ပါတယ်။

play

 

ကမ္ဘာ့ဖလားဝင်ခွင့်ရ အသင်း ၃၂ သင်းရှိပြီး မဲအိုးတစ်အိုးစီမှာ ၈ သင်းကျနဲ့ မဲအိုး ၄ အိုးခွဲခြားသတ်မှတ်ထားရာ မဲအိုး (၁)မှာ ရုရှား၊ ဂျာမနီ၊ ဘရာဇီးလ်၊ ပေါ်တူဂီ၊ အာဂျင်တီးနား၊ ဘယ်လ်ဂျီယံ၊ ပိုလန်၊ ပြင်သစ်တို့ ပါဝင်နေပါတယ်။ မဲအိုး (၂) မှာ စပိန်၊ ပီရူး၊ ဆွစ်ဇာလန်၊ အင်္ဂလန်၊ ကိုလံဘီယာ၊ မက်ဆီကို၊ ဥရုဂွေး၊ ခရိုအေးရှားတို့ ပါဝင်ပါတယ်။

မဲအိုး (၃) မှာ ဒိန်းမတ်၊ အိုက်စ်လန်၊ ကော့စတာရီကာ၊ ဆွီဒင်၊ တူနီးရှား၊ အီဂျစ်၊ ဆီနီဂေါ၊ အီရန်တို့ ပါဝင်ပါတယ်။ မဲအိုး (၄)မှာ ဆားဘီးယား၊ နိုင်ဂျီးရီးယား၊ သြစတြေးလျ၊ ဂျပန်၊ မိုရော့ကို၊ ပနားမား၊ တောင်ကိုရီးယားနဲ့ ဆော်ဒီအာရေးဗျအသင်းတို့ ပါဝင်နေတာဖြစ်ပါတယ်။

 

Source & Photos: The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video