play

 

ယနေ့ည ၉ နာရီ ၃၀ မိနစ်မှာ စတင်ကျင်းပခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုအဆင့် မဲနှိုက်ရွေးချယ်ပွဲရဲ့ ရလဒ်တွေ ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။

play

 

သက်ဆိုင်ရာ ပရိသတ်တွေ မပျော်ရွှင်ရရင်တောင် စိတ်မပူရမယ့် အုပ်စုစာရင်းတွေ ထွက်ပေါ်ခဲ့ပြီး မရဏအုပ်စုလို့ သတ်မှတ်ရလောက်အောင် အသင်းကြီး ၃ သင်းအထိ တွေ့ဆုံခဲ့တာမရှိခဲ့ဘဲ အများဆုံး ၂ သင်းသာ ဆုံတွေ့ခဲ့ပါတယ်။

play

 

အုပ်စု (က)မှာ ရုရှား၊ ဆော်ဒီအာရေးဗျ၊ အီဂျစ်၊ ဥရုဂွေးတို့ ကျရောက်ခဲ့ပါတယ်။ အုပ်စု (ခ)မှာ ပေါ်တူဂီ၊ စပိန်၊ မိုရော့ကို၊ အီရန်တို့ ကျရောက်ခဲ့ပါတယ်။ အုပ်စု (ဂ)မှာ ပြင်သစ်၊ သြစတြေးလျ၊ ပီရူး၊ ဒိန်းမတ်တို့ ကျရောက်ခဲ့ပါတယ်။ အုပ်စု (ဃ)မှာ အာဂျင်တီးနား၊ အိုက်စ်လန်၊ ခရိုအေးရှား၊ နိုင်ဂျီးရီးယား၊ အုပ်စု (င)မှာ ဘရာဇီးလ်၊ ဆွစ်ဇာလန်၊ ကော်စတာရီကာ၊ ဆားဘီးယား၊ အုပ်စု (စ) မှာ ဂျာမနီ၊ မက်ဆီကို၊ ဆွီဒင်၊ တောင်ကိုရီးယား၊ အုပ်စု (ဆ )မှာ ဘယ်လ်ဂျီယံ၊ ပနားမား၊ တူနီးရှား၊ အင်္ဂလန်၊ အုပ်စု (ဇ)မှာ ပိုလန်၊ ဆီနီဂေါ၊ ကိုလံဘီယာနဲ့ ဂျပန်အသင်းတို့ ကျရောက်ခဲ့တာဖြစ်ပါတယ်။

Source & Photos: FIFA

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video