AD
AD
AD
play

 

၂၀၁၆ ခုနှစ်မှာ ဗျူနိုအေးရိစ်မြို့တော်ရဲ့ လာပလာတာမြစ်ကမ်းပါးမှာ အာဂျင်တီးနားလက်ရွေးစင်ကစားသမား မက်ဆီရဲ့ကြေးရုပ်တုကို ဂုဏ်ပြုတဲ့အနေနဲ့ ဖွင့်လှစ်ပေးခဲ့ပါတယ်။

play

 

၂၀၁၇ ခုနှစ် ဇန်နဝါရီလမှာတော့ မက်ဆီရဲ့ရုပ်တုကို ထက်ပိုင်းဖြတ်ထားတာကို တွေ့ခဲ့ရပြီး ပြန်လည် ပြုပြင်ခဲ့ရပါတယ်။ ယခုအချိန်မှာ ဒုတိယအကြိမ်ဖျက်ဆီးခံခဲ့ရပြီး ခြေချင်းဝတ်နားကနေ ရိုက်ချိုးဖျက်ဆီးထားတာကို တွေ့ရပါတယ်။

play

 

ခြေ​ထောက်​ဖြတ်​ထားပြီး လဲကျ​နေတဲ့ မက်​ဆီရဲ့ကြေးရုပ်တုကို ဖျက်ဆီးသူတွေကို ​​ဒေသခံရဲတပ်​ဖွဲ့တွေက လိုက်​လံစုံစမ်း​နေတယ်​လို့ သိရပါတယ်​။ ပြီးခဲ့တဲ့ ၂၀၁၆ ကိုပါအ​မေရိကဖလား ဗိုလ်​လုပွဲမှာ ပင်နယ်တီလွဲချော်ပြီး ဒုတိယသာ ရရှိခဲ့တာကြောင့် အာဂျင်​တီးနား လက်​​ရွေးစင်​ အသင်းက​နေ အနားယူဖို့ ဆုံးဖြတ်ခဲ့တဲ့ မက်​ဆီကို ပြန်​လည်​ကစားဖို့တောင်းပန်တဲ့အနေနဲ့ မြို့​တော်​ဝန်​က​နေ ဂုဏ်​ပြုပြီး ပြုလုပ်ပေးထားတာဖြစ်ပါတယ်။

Source & Photos: Sportskeeda

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD