AD
AD
AD

စီအက်ကေအေ မော်စကိုကို အိမ်ကွင်းမှာ အနိုင်ယူနိုင်ခဲ့တဲ့ မန်ယူအသင်းဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်အဆင့်ကို တက်ရောက် သွားခဲ့ပြီဖြစ်ပါတယ်။

play

 

မန်ယူအသင်းအနေနဲ့ ယနေ့ ပွဲစဉ်မှာ အနည်းဆုံး သရေရလဒ်ထွက်ပေါ်ရုံဖြင့် နောက်တစ်ဆင့်ကိုတက်ရောက်နိုင်မှာ ဖြစ်တာကြောင့် အဓိက ကစားသမားများဖြစ်တဲ့ မာတစ်၊လင်ဂတ်၊ဒီဂီယာအစရှိတဲ့ ကစားသမားတွေကို အပြောင်းအလဲပြုလုပ်ကာ ၎င်းတို့နေရာမှာ ရိုမီယို၊ဟာရဲရား၊ရက် ရှ်ဖို့တို့ကို ထည့်သွင်းအသုံးပြုခဲ့ပါတယ်။

play

 

စီအက်ကေအေသင်းက ၄၅ မိနစ်မှာ ဦးဆောင်ဂိုးရခဲ့ပေမယ့်လည်း မန်ယူအသင်းက လူကာကူ ရက်ရှ်ဖို့တို့ရဲ့သွင်းဂိုးတွေနဲ့ ပြန်လည်အနိုင်ယူနိုင်ခဲ့ တာလည်း ဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ မန်ယူအသင်းက အနိုင်ရကာ ၆ ပွဲကစား ၅ ပွဲနိုင် ၁ ပွဲရှုံးဖြင့် ရမှတ် ၁၅ မှတ်ရရှိကာ အုပ်စုဗိုလ်ဖြင့် နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်

ဘေဆယ်အသင်းကလည်း ဘင်ဖီကာကို အဝေးကွင်းမှာ အနိုင်ရခဲ့တာကြောင့် ရမှတ် ၁၂ မှတ်ရရှိကာ အုပ်စု ဒုတိယနဲ့နောက်တစ်ဆင့်ကိုတက်ရောက်ခဲ့ပါတယ်။

နောက်တစ်ဆင့်မှာတော့ မန်ယူအသင်းအနေနဲ့ ဘိုင်ယန်၊ချဲလ်ဆီး၊ဂျူဗင်၊ရီးရဲအစရှိတဲ့ အသင်းတွေနဲ့ ထိပ်တိုက်တွေ့ဆုံနိုင်ဖွယ်ရှိနေပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD