ပထမအကျော့ အဝေးကွင်းမှာ ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ချဲလ်ဆီးအသင်းအနေနဲ့ အိမ်ကွင်းပွဲစဉ်မှာလည်း အနိုင်ရရှိရေး အဓိက ကစားသမားအစုံအလင်နဲ့ ပွဲထွက်ခဲ့ပါတယ်။

play

 

အက်သလက်တီကိုအသင်းကလည်း မျှော်လင့်ချက်အနည်းငယ်သာရှိတော့တဲ့ နောက်တစ်ဆင့် တက်ရေးအတွက် ချဲလ်ဆီးကို အဝေးကွင်းမှာ အကောင်းဆုံး ကစားခဲ့ပြီး ၅၆ မိနစ်မှာတော့ နီဂူအက်က ဦးဆောင်ဂိုးသွင်းနိုင်ခဲ့ပါတယ်။

play

 

ဦးဆောင်ဂိုးပေးလိုက်ရတာကြောင့် ချဲလ်ဆီးအနည်းငယ် ပြာသွားခဲ့ပြီး ဘာကာယိုကိုနေရာမှာ ပက်ထရို၊ဇာပါကော့စတာနေရာမှာ ၀ီလီယံတို့ကိုထည့်သွင်း တိုက်စစ်မြှင့်ခဲ့ ပါတယ်။

ပွဲကစားချိန် ၇၁ မိနစ်အရောက်မှာတော့ အက်သလက်နောက်ခံလူ ဆာဗစ် ကိုယ့်ဂိုးကိုယ် ပြန်သွင်းမိသလို ဖြစ်သွားလို့ ချဲလ်ဆီး ချေပဂိုး ပြန်လည်ရရှိခဲ့ပြီး ပွဲအပြီးမှာ တစ်ဖက် တစ်ဂိုးစီနဲ့သရေကျခဲ့ပါတယ်။

တစ်ဖက်မှာ ရိုးမားကလည်း အနိုင်ရခဲ့တာကြောင့် ချဲလ်ဆီးအသင်းအနေနဲ့ အုပ်စုဗိုလ်နေရာကို လက် လွှတ်ခဲ့ရပြီး အုပ်စု ဒုတိယနဲ့သာကျေနပ်ခဲ့ရပါတယ်။

အက်သလက်အသင်းကတော့ ချန်ပီယံလိဂ်ကိုနောက်တစ်ဆင့်တက်ခွင့်နဲ့ လွဲခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video