AD
AD
AD

အလိုင်းရန့် အရီနာ ကွင်းကြီးထဲမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ပီအက်ဂျီအသင်းတို့ ပွဲစဉ်မှာတော့ အိမ်ရှင် ဘိုင်ယန်အသင်းက ၃-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

play

 

ဒီပွဲမှာတော့ဘိုင်ယန်မြူးနစ်အသင်းဟာ အန်ဆယ်လော့တီလက်ထက် ပီအက်ဂျီအိမ်ကွင်းမှာ ၃-၁ ဂိုး နဲ့ ရှုံးနိမ့်ခဲ့မှုကို အကောင်းဆုံးလက်စားချေပြနိုင်ခဲ့ပါတယ်။

play

 

ပွဲအစ ၈ မိနစ်မှာပင် လီဝန်ဒေါစကီးက အဖွင့်ဂိုးစတင်သွင်းယူနိုင်ခဲ့ပြီး ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားဆုရရှိခဲ့တဲ့ ပြင်သစ်နောက်ခံလူ တိုလီဆိုက ၃၇ မိနစ်နဲ့ ၆၉ မိနစ်တွေမှာ နှစ်လုံး ထပ်မံ သွင်းယူပေးခဲ့တာလည်း ဖြစ်ပါတယ်။

ပီအက်ဂျီအသင်းအတွက် တစ်လုံးတည်းသောချေပဂိုးကိုတော့ ကိုင်လီမက်ပီက သွင်းယူပေးခဲ့ပါတယ်။


ယခုပွဲအနိုင်ကြောင့် ဘိုင်ယန်မြူးနစ်အသင်းနဲ့ ပီအက်ဂျီအသင်းတို့မှာ ရမှတ် ၁၅ မှတ်ချင်းတူညီသော်လည်း ပီအက်ဂျီအသင်းက ဂိုးကွာခြားချက်ချက်အသာဖြင့် အုပ်စုဗိုလ်ရကာ ဘိုင်ယန်အသင်းကတော့ အုပ်စုဒုတိယနဲ့ နောက်တစ်ဆင့်ကိုတက်ရောက်နိုင်ခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD