play

 

ပီအက်စ်ဂျီအသင်းရဲ့လူငယ်ကစားသမား ဘတ်ပီဟာ ချန်ပီယံလိဂ်သမိုင်းတစ်လျှောက်မှာ ဆယ်ကျော်သက်အရွယ်နဲ့ ဂိုးအများဆုံး သွင်းယူထားသူအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ပြီဖြစ်ပါတယ်။

play

 

ဘိုင်ယန်မြူးနစ်အသင်းရဲ့အိမ်ကွင်းမှာ ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ် ဒုတိယပိုင်း မိနစ် ၅၀ မှာ ဘတ်ပီက ပီအက်စ်ဂျီအသင်းအတွက် တစ်လုံးတည်းသော ချေပဂိုးကို ကာဗာနီရဲ့ဖန်တီးပေးပို့မှုကနေတစ်ဆင့် သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

play

 

အဲဒီဂိုးကို သွင်းယူနိုင်ခဲ့တာကြောင့် ဘတ်ပီဟာ ချန်ပီယံလိဂ်သွင်းဂိုး ၈ ဂိုးအထိ ရှိလာခဲ့ပြီဖြစ်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အသက် ၂၀ နှစ်အောက်အရွယ် ကစားသမားတွေ မရောက်ရှိဘူးတဲ့ ဂိုးသွင်းစံချိန်ကို ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။ ယခုသွင်းယူပေးခဲ့တဲ့ဂိုးဟာ ပီအက်စ်ဂျီအသင်းအတွက် ချန်ပီယံလိဂ် ဒုတိယမြောက်သွင်းဂိုးဖြစ်ပြီး ပြီးခဲ့တဲ့နှစ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ မိုနာကိုအသင်းကို ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်အောင် သွင်းဂိုး ၆ ဂိုးနဲ့ ကူညီပေးခဲ့တာဖြစ်ပါတယ်။

play

 

အသက် ၁၈ နှစ်အရွယ်သာရှိသေးတဲ့ ဘတ်ပီဟာ ပရော်ဖက်ရှင်ကစားသမားဘဝ စတင်ချိန်ကနေ လက်ရှိအချိန်အထိ ပွဲပေါင်း ၆၇ ပွဲ ပါဝင်ကစားထားပြီး ၃၁ ဂိုးအထိ သွင်းယူထားနိုင်တဲ့ ကစားသမားဖြစ်ပါတယ်။ ချန်ပီယံလိဂ်သွင်းဂိုးအများဆုံး ဆယ်ကျော်သက်ကစားသမားစာရင်းမှာ ဘတ်ပီရဲ့အောက်က ဒုတိယနေရာမှာရှိနေတဲ့သူကတော့ ဘာစီလိုနာအသင်းရဲ့ကစားသမားဟောင်း ပက်ထရစ်ကလွိုက်ဗက်ဖြစ်ပါတယ်။ ကလွိုက်ဗက်ဟာ အေဂျက်အသင်းနဲ့အတူ ၁၉၉၄ ခုနှစ်မှာ ပရော်ဖက်ရှင်ကစားသမားဘဝကို စတင်ခဲ့ပြီး ဆယ်ကျော်သက်အရွယ်မှာ ချန်ပီယံလိဂ်သွင်းဂိုး ၆ ဂိုး သွင်းယူပေးခဲ့တဲ့ကစားသမားဖြစ်ပါတယ်။

Source & Photos: Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video