ယနေ့ နံနက်ပိုင်းက ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု နောက်ဆုံးပွဲစဉ်များတွင် လီဗာပူးအသင်းက စပါတပ်အ သင်းကို အိမ်ကွင်းမှာ ၇-၀ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။

play

 

လီဗာပူးအသင်းအတွက် ဂိုးတွေကိုတော့ ကော်တင်ဟိုက တစ်ဦးတည်း ၃ ဂိုးသွင်းယူကာ ဟက်ထရစ်ရယူနိုင်ခဲ့ သလို မာနေးက နှစ်ဂိုး၊ဖာမီနိုတစ်ဂိုးနဲ့ ဆာလာ တစ်ဂိုးတို့ အသီးသီးသွင်းယူပေးခဲ့ကြပါတယ်။

play

 

လက်ရှိမှာတော့ လီဗာပူးအသင်းအနေနဲ့ အိမ်ကွင်းနိုင်ပွဲနဲ့အတူ ရမှတ် ၁၂ မှတ်ရရှိကာ အုပ်စု ပထမဖြင့် ချန်ပီယံ လိဂ် အုပ်စုအဆင့်ကို ဖြတ်ကျော်နိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ၁၉၉၈ ခုနှစ်က ဖာဂူဆန်လက်ထက် မန်ယူအသင်းတင်ခဲ့ဖူးတဲ့စံချိန်ကိုပါ ကျော်ဖြတ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

အဆိုပါ စံချိန်ကတော့ အုပ်စုတွင်း သွင်းဂိုးအများဆုံး သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ၁၉၉၈ ခုနှစ် ချန်ပီယံလိဂ် ပြိုင်ပွဲ မှာ မန်ယူအသင်းက စုစုပေါင်း သွင်းဂိုး ၂၀ ကို အုပ်စုတွင်းသွင်းကာ သွင်းဂိုးအများဆုံး စံချိန်ကို တင်ထားနိုင်ခဲ့ တာလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ လီဗာပူးအသင်းက အုပ်စုတွင်း သွင်းဂိုးစုစုပေါင်း ၂၃ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး မန်ယူအသင်း စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ယခုနှစ်ယှဉ်ပြိုင်သွားခဲ့တဲ့ ဥရောပ ချန်ပီယံ အုပ်စုတွင်း ပြိုင်ပွဲများတွင် ပြင်သစ်ကလပ် ပီအက်ဂျီအသင်းက စုစုပေါင်း သွင်းဂိုး ၂၅ ဂိုးအထိ သွင်းယူနိုင်ခဲ့လို့ အုပ်စုတွင်း သွင်းဂိုးအများဆုံး အသင်းအဖြစ် စံချိန်တင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video