AD
AD
AD

ကျင်းပပြုလုပ်လျက်ရှိတဲ့ ဥရောပ ချန်ပီယံလိဂ် သမိုင်းတစ်လျှောက်မှာ မည်သူတစ်ဦးတစ်ယောက်မျှ စွမ်းဆောင်နိုင် ခြင်း မရှိသေးတဲ့ စံချိန်တစ်ရပ်ကို ရီးရဲမက်ဒရစ်ကစားသမား ရော်နယ်ဒိုက ပထမဆုံး တင်ရှိလိုက်ပြီလို့ သိရပါ တယ်။

play

 

ယနေ့ နံနက်ပိုင်းက ကစားခဲ့တဲ့ ဒေါ့မွန်အသင်းနဲ့ပွဲမှာ ရော်နယ်ဒိုအနေနဲ့ ပွဲကစားချိန် ၁၂ မိနစ်မှာ သွင်းဂိုးတစ်ဂိုး ရယူနိုင်ခဲ့ပြီး ယခုလို စံချိန်တင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

play

 

အဆိုပါ စံချိန်ကတော့ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် ၆ ပွဲစလုံးမှာ ဂိုးသွင်းယူနိုင်တဲ့ စံချိန်ပဲ ဖြစ်ပါတယ်။

ရော်နယ်ဒိုမှာ ရီးရဲအသင်းနဲ့အတူ ယခုနှစ် ချန်ပီယံလိဂ် အုပ်စုပွဲစဉ် ၆ ပွဲစလုံးကို ကစားနိုင်ခဲ့သလို ပွဲတိုင်းလည်း ဂိုးသွင်းနိုင်ခဲ့တာကြောင့် ယခုလို စံချိန်သစ်ကို ပထမဆုံးကစားသမားအဖြစ် တင်ရှိနိုင်ခဲ့တာ ဖြစ်ပါတယ်။

ယခုလို စံချိန်မျိုးကို ၂၀၁၆-၁၇ ဘောလုံးရာသီက ရော်နယ်ဒိုနဲ့ ပြိုင်ဘက် ကစားသမား မက်ဆီ ရယူနိုင်ဖို့ နီးစပ်ခဲ့ပေမယ့်လည်း ပေါင်ခြံဒဏ်ရာကြောင့် မိုချန်နဲ့ ကစားမယ့်ပွဲကို လွဲချော်ကာ စံချိန်မတင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ယခုနှစ်ရာသီအတွက် ချန်ပီယံလိဂ် သွင်းဂိုးစုစုပေါင်း ၉ ဂိုးအထိ သွင်းယူထားနိုင်ပြီလည်း ဖြစ်ကာ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ထိပ်ဆုံးကနေ ဦးဆောင်ထားနေနိုင်ပါတယ်။

ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ၂၀၁၅-၁၆ ဘောလုံးရာသီက ရော်နယ်ဒိုကိုယ်တိုင် ကပဲ သွင်းဂိုး စုစုပေါင်း ၁၁ ဂိုးနဲ့ ရပ်တည်ထားနိုင်တာကြောင့် ယခုနှစ် ပြိုင်ပွဲမှာ အဆိုပါ စံချိန်ကိုထပ်မံချိုးနိုင်အုံး မလားဆိုတာာ စိတ်ဝင်စားဖွယ်စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD