အုပ်စုမှ တက်ရောက်သွားခဲ့ပြီ ဖြစ်ပေမယ့်လည်းမန်စီးတီးအသင်းဟာ အဓိက ကစားသမားအချို့ကို ထည့်သွင်းအသုံးပြုကာ ရှက်တာဒိုးနက်အသင်းကို ရင်ဆိုင်ခဲ့ပါတယ်။

play

 

ဒါပေမယ့်လည်း ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ကာ ပြိုင်ပွဲစုံ ၂၉ ပွဲဆက် ရှုံးပွဲမရှိ စံချိန် ရပ်တန့်ခြင်း ခံခဲ့ရတာလည်း ဖြစ်ပါတယ်။

play

 

မန်စီးတီးအသင်းအနေနဲ့ ပြီးခဲ့တဲ့ ဧပြီလ ၂၃ ရက်နေ့မှာ ကစားခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ အက်အေဖလား ဆီ မီးဖိုင်နယ်မှာ ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ပြီးနောက် ၂၉ ပွဲဆက် ပြိုင်ပွဲစုံ ရှုံးပွဲမရှိတော့ပဲ ရှက်တာဒိုးနက်နဲ့ ကစားခဲ့တဲ့ ယခု ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲမှာတော့ ၂-၁ ဂိုးနဲ့ ပြန်လည်ရှုံးနိမ့်ကာ ရှုံးပွဲမရှိ စံချိန် ရပ်တန့်ခဲ့တာလည်း ဖြစ်ပါ တယ်။

ဒါ့အပြင် ယခုလို ရှုံးနိမ့်မှုကြောင့် ချန်ပီယံလိဂ် အုပ်စုတွင်းမှာ ၆ ပွဲစလုံးအနိုင်ရရှိမယ့် ပထမဆုံး ဗြိတိန်ကလပ် အသင်း ဖြစ်လာမယ့် စံချိန်ကိုလည်း လက်လွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

ချန်ပီယံလိဂ် အုပ်စုတွင်းပွဲစဉ်တွေအပြီးမှာတော့ မန်စီးတီးအနေနဲ့ ၁၅ မှတ်နဲ့ အုပ်စုပထမရကာ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့ပြီ ဖြစ်ကာ ဒေသတွင်း ပရီးမီးယားလိဂ် ပွဲစဉ် (၁၆)အဖြစ် မန်ချက်စတာ ဒါဘီ မန်ယူအသင်းနဲ့ လာမယ့် ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ရင်ဆိုင်ကစားရဖို့ ရှိနေပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video