၂၀၁၇-၁၈ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုတွင်းပွဲစဉ်တွေကတော့ ယနေ့ နံနက်ပိုင်းက ကျင်းပပြီးစီးခဲ့ပြီဖြစ်ပါတယ်။

play

 

၁၆ သင်းအဆင့်ကို တက်ရောက်ခဲ့ကြတဲ့အသင်းတွေထဲမှာ တစ်နိုင်ငံထဲမှ အများဆုံးအဖြစ် အင်္ဂလန်ကလပ်အ သင်းတွေတက်ရောက်နိုင်ခဲ့ပြီး စုစုပေါင်း ပြိုင်ပွဲဝင် ၅ သင်းစလုံး တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

play

 

ယခုကဲ့သို့ တက်ရောက်နိုင်မှုဟာ ချန်ပီယံလိဂ် သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် အင်္ဂလန်ကလပ် အသင်း ၅ သင်းစလုံး ၁၆ သင်းအဆင့်ကိုတက်ရောက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

play

 

ဒါ့အပြင် ချန်ပီယံလိဂ်ပြိုင်ပွဲကို အင်္ဂလန်ကလပ်အသင်းတွေက ဆီဒင်အဆင့်သတ်မှတ်ချက် မြင့်မားမှုကြောင့် စုစုပေါင်း ၅ သင်းအထိ ၀င်ရောက် ခွင့်ရတာလည်း ဖြစ်ပါတယ်။

play

 

၁၆ သင်းအဆင့် တွေ့ဆုံမှုအတွက် မဲခွဲပွဲကိုတောာ့လာမယ့် တနလာင်္နေ့မှာ ဆက်လက်ပြုလုပ်မယ်လို့သိရပြီး ဒီ အဆင့်မှာတော့ အုပ်စုတူအသင်းအချင်းချင်း၊နိုင်ငံတူအသင်းအချင်းချင်း တွေ့ဆုံအုံးမှာ မဟုတ်ဘူးလို့လည်း သိရ ပါတယ်။

play

 

ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကိုတော့ မန်ယူ၊စပါး၊ချဲလ်ဆီး၊လီဗာပူးနဲ့ မန်စီးတီးအသင်းတို့ တက်ရောက်နိုင်ခဲ့ကြ တာလည်း ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video