AD
AD
AD

ယခုနှစ်ရာသီ ဆွမ်ဆီးအသင်းမှ ခေါ်ယူထားတဲ့ တိုက်စစ်မှူး လော်ရန်တေးမှာ စပါးအသင်းအတွက် ပြိုင်ပွဲစုံ သွင်းဂိုးတစ်ဂိုးမှ ရယူပေးနိုင်ခြင်း မရှိခဲ့ပေမယ့် ယနေ့ နံနက်ပိုင်းက ကစားခဲ့တဲ့ အေးပိုးအသင်းနဲ့ ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲစဉ်မှာတော့ စတင်သွင်းယူနိုင်ခဲ့ပြီဖြစ်ပါတယ်။

play

 

လော်ရန်တေးမှာ ပွဲကစားချိန် မိနစ် ၂၀ မှာ နောက်ခံလူ အူရီရာ ဖန်တီးပေးတဲ့ ဘောလုံးကို ကန်သွင်းရယူနိုင်ခဲ့ တာလည်း ဖြစ်ပါတယ်။

play

ယခုပွဲမတိုင်မီ စပါးအသင်းအတွက် စတင်ပါဝင်ချိန်မှ ၁၇ ပွဲဆက်တိုက် သွင်းဂိုးတစ်ဂိုးမှ သွင်းယူထားနိုင်ပေးခြင်း မရှိခဲ့တာလည်း ဖြစ်ပါတယ်။

လော်ရန်တီမှာ စပါးအသင်းကို အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ ရောက်ရှိလာခဲ့သူဖြစ်ပြီး သူ့ရဲ့ အပြောင်းအရွှေ့မှာ စိတ်ဝင်စားဖွယ်ကောင်းခဲ့ပါတယ်။

ဆွမ်ဆီးအသင်းနဲ့အတူ ပြီးခဲ့တဲ့ ရာသီက ၁၅ ဂိုးအထိသွင်းယူနိုင်ခဲ့ပေမယ့်လည်း စပါးအသင်းမှာတော့ ဂိုးကံခေ နေခဲ့တာလည်းဖြစ်ပါတယ်။

ဒါ့အပြင် အသက် ၃၂ နှစ်ရှိပြီဖြစ်တဲ့ လော်ရန်တီမှာ အာဂျင်တီးနားလူမျိုး နည်းပြ ပွန်ချက်တီနို ကိုင်တွယ်နေတဲ့ နည်းပြသက်တမ်း ၃ နှစ်အတွင်းမှာ ပထမဆုံးခေါ်ယူခြင်းခံရတဲ့ အသက် ၃၀ ကျော်ကစားသမားလည်း ဖြစ်လာ ခဲ့ပါတယ်။

စပါးအသင်းမှာ အေပိုးလ်ကို ၃-၀ ဂိုးနဲ့ အနိုင်ရပြီး ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကို ရမှတ် ၁၆ မှတ်နဲ့ အုပ်စု ပထမနေရာမှာ တက်လှမ်းနိုင်ခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD