play

 

ယနေ့နံနက်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ရှက်တာဒိုးနတ်အသင်းနဲ့ မန်ချက်စတာစီးတီးအသင်းတို့ရဲ့ပွဲစဉ်မှာ ရှက်တာဒိုးနတ်အသင်းက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီးနောက်​ ရှက်​တာဒိုးနတ်မန်​​နေဂျာ​ပေါ်လိုဖွန်​ဆီကာဟာ သူ့ရဲ့ကတိအတိုင်း​​ ဇောရိုးဝတ်စုံကို ဝတ်​ဆင်​ကာ သတင်းစာရှင်းလင်းပွဲကို တက်​​ရောက်​ခဲ့ပါတယ်​။

play

 

ဖွန်​ဆီကာက ၎င်းရဲ့အသင်းချန်​ပီယံလိဂ်​ ၁၆သင်းရှုံးထွက်​အဆင့်​ကို တက်​​ရောက်​နိုင်​ခဲ့ပါက သတင်းစာရှင်းလင်းပွဲကို​ ဇောရိုးဝတ်​စုံနဲ့တက်​​ရောက်​မယ်​လို့ ကတိ​ပေးခဲ့တာဖြစ်​ပြီး ရှက်​တာဒိုးနတ်အသင်းဟာအုပ်​စု​နောက်​ဆုံးပွဲမှာမန်ချက်စတာစီးတီးအသင်းကို အကောင်းဆုံးခြေစွမ်းနဲ့အနိုင်​ယူပြီး အုပ်​စုဒုတိယ​နေရာနဲ့ ​၁၆ သင်းအဆင့်ကို တက်​လှမ်းနိုင်​ခဲ့ပါတယ်​။

 “ကျွန်​​တော့်​ရဲ့နည်းပြဘဝမှာ ဒါဟာ​ အထူးခြားဆုံးနဲ့ ပျော်​စရာအ​ကောင်းဆုံးသတင်းစာရှင်းလင်းပွဲဖြစ်​ပါတယ်​။ ကျွန်​​တော်​အရမ်းကို​ ပျော်​ရွှင်​​နေပါတယ်​။ ကျွန်​​တော့်​အမြင်​က​တော့ ချန်​ပီယံလိဂ်​ ၁၆ သင်းရှုံးထွက်​အဆင့်ကို တက်​​ရောက်​နို်င်​တာဟာ ရှက်​တာဒိုးနတ်ပရိတ်​သတ်​​တွေတင်​မကဘဲ ယူကရိန်းလူမျိုးတိုင်းဂုဏ်​ယူဝမ်းမြောက်သင့်တဲ့အောင်မြင်မှုလို့ ထင်ပါတယ်​” လို့​ ပြောကြားခဲ့ပါတယ်။

Source & Photos: Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video