International Sports: ကမ္ဘာ့ဖလားကစားဖို့အတွက် ကလပ်အသင်းကနေ တင်ကာဟေးလ် အနားယူ

ကစားသမားဘဝနောက်ဆုံးပြိုင်ပွဲအဖြစ် ကစားမှာဖြစ်ပါတယ်။

play

 

အသက် ၃၈ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ သြစတြေးလျလက်ရွေးစင် ဝါရင့်ကွင်းလယ်ကစားသမား တင်ကာဟေးလ်ဟာ လာမယ့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သြစတြေးလျအသင်းနဲ့အတူ ကမ္ဘာ့ဖလား ၄ ကြိမ်မြောက်အဖြစ် ကစားပေးဖို့အတွက် ကလပ်အသင်းကနေ အနားယူခဲ့ပါတယ်။

play

တင်ကာဟေးလ်ဟာ မဲဘုန်းစီးတီးအသင်းမှာ တစ်ရာသီကြာ ကစားခဲ့ပြီး နည်းပြသစ် ဝါရင်ဂျွိုက်နဲ့ အဆင်မပြေဖြစ်ခဲ့ပြီး ရာသီဝက်မှာတင် အသင်းကနေထွက်ခွာဖို့ စဉ်းစားခဲ့ပေမယ့် ယခုအချိန်မှသာ အသင်းကနေ ထွက်ခွာခဲ့တာဖြစ်ပါတယ်။ တင်ကာဟေးလ်ဟာ သြစတြေးလျအသင်း ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်အောင် စွမ်းဆောင်ပေးခဲ့ပြီး သြစတြေးလျအသင်းအတွက် ဆက်လက်ကစားပေးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

play

 

"ရုရှားနိုင်ငံမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ကစားခွင့်ရခဲ့တာ ကျွန်တော်တို့ နိုင်ငံအတွက် ဂုဏ်ယူဝမ်းသာစရာပါ။ ကျွန်တော်တို့အားလုံး မျှော်လင့်စောင့်စားနေတဲ့ စွန့်စားခန်းတွေက လာမယ့်လအနည်းငယ်မှာ စတင်ကြုံတွေ့ရတော့မှာဖြစ်ပါတယ်။ ကလပ်အသင်းမှာ ကစားခဲ့တုန်းက သွင်းယူခဲ့တဲ့ဂိုးတွေက ကျွန်တော့်ရဲ့ကစားသမားဘဝအတွက် အရေးပါတဲ့ဂိုးတွေ ဖြစ်ခဲ့ပါတယ်။ နိုင်ငံအသင်းနဲ့အတူ ၄ ကြိမ်မြောက်အဖြစ် ပါဝင်ကစားရမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကြီးက ပိုပြီးတောင် အရေးပါပါတယ်။ အဲဒီလိုကစားပေးနိုင်ဖို့ဆိုတာ ကြံ့ခိုင်မှု ပြည့်ဝနေဖို့လည်း လိုပါတယ်"

"အခုအချိန်မှာ ခြေချင်းဝတ်ဒဏ်ရာ ရရှိနေပေမယ့် နောက်တစ်လလောက်ဆို ပြန်ကောင်းသွားမှာပါ။ လက်ရွေးစင်အသင်းအတွက် ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်အောင် စွမ်းဆောင်ပေးခဲ့ပြီးပါပြီ။ နောက်ထပ် အသင်းအတွက် ဘာတွေ ထပ်လုပ်ပေးရမလဲဆိုတာကို အမြဲစဉ်းစားနေပါတယ်။ အဆင့်မြင့်ဆုံးပြိုင်ပွဲဖြစ်တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးမှာ ပါဝင်ကစားနိုင်ဖို့ ဘယ်လိုနည်းမျိုးနဲ့မဆို ကြိုးစားသွားမှာပါ"လို့ ပြောကြားခဲ့ပါတယ်။

Source & Photos: SMH

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ