ချဲလ်ဆီးအသင်းမှ ပြင်သစ်လက်ရွေးစင် ကွင်းလယ်ကစားသမား ကန်တေမှာ ၂၀၁၇ ခုနှစ်ရဲ့ ပရီးမီးယားလိဂ် အကောင်းဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။

play

 

ပြင်သစ် ရဲ့ နာမည်ကျော် မဂ္ဂဇင်း L'Equipeက ပေးအပ်ချီးမြှင့်တဲ့ ၂၀၁၇ ခုနှစ်အတွက် ဖီဖာ ဘလွန်းဒီအောဆုတွင် ဂျာနယ်လစ် ၁၇၃ ဦးက ဆန္ဒမဲပေးခဲ့ရာမှာ ကန်တေက အဆင့် ၈ နေရာမှာ ရပ်တည်နိုင်ခဲ့တာလည်း ဖြစ်သလို ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးကစားသမား အဖြစ်လည်း သတ်မှတ်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

play

 

ကန်တေအနေနဲ့ ကစားဖော် ဟာဇက်နဲ့ မန်ယူဂိုးသမားဒီဂီယာတို့ကို ကျော်ဖြတ်ပြီး ရပ်တည်နိုင်ခဲ့တာဖြစ်ပြီး ဟာဇက်မှာ အဆင့် ၁၉ နေရာမှာသာ ရပ်တည်နိုင်ခဲ့သလို မန်ယူဂိုးသမား ဒီဂီယာမှာလည်း အဆင့် ၂၀ မှာသာ ရပ်တည်နိုင်ခဲ့ပါတယ်။

အခြားသော ပရီးမီးယားလိဂ်ကစားသမားများအဖြစ် စပါးမှ ကိန်းက အဆင့် ၁၀၊ မန်စီးတီးမှ ဒီဘရိုင်းက အဆင့် ၁၄၊ လီဗာပူးမှ မာနေးက အဆင့် ၂၃ နဲ့ ကော်တင်ဟိုက ၂၉ တို့ဖြင့် ကမ္ဘာ့အကောင်းဆုံး ကစားသမားစာရင်းမှာ အသီးသီး ရပ်တည်နိုင်ခဲ့ကြပါတယ်။

Source- Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video