AD
AD
AD
play

 

ရီးရဲလ်မက်ဒရစ်အသင်းရဲ့တောင်ပံကစားသမား ခရစ်စတီယာနိုရော်နယ်ဒိုဟာ ၂၀၁၇ ခုနှစ်အတွက် ဘလွန်းဒီအော်ဆုကြီးကို ဘာစီလိုနာအသင်းရဲ့ တိုက်စစ်မှူး မက်ဆီကို ကျော်ဖြတ်ပြီး ၅ ကြိမ်မြောက် ရယူနိုင်ခဲ့ပါတယ်။

play

 

ရော်နယ်ဒိုဟာ လက်ရှိအချိန်မှာ ဘလွန်းဒီအော်ဆုကို ၅ ကြိမ်မြောက် ရရှိခဲ့တာဖြစ်တာကြောင့် မက်ဆီနဲ့ ဆုရရှိထားတဲ့အကြိမ်အရေအတွက် တူညီသွားပြီဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ဘလွန်းဒီအော်ဆုကို ရယူပြီးနောက် သူ့ရဲ့အပျော်တွေကို အခုလိုပဲ ပြောပြခဲ့ပါတယ်။

"အရမ်းပျော်ရွှင်နေတယ်လို့ ခံစားရတယ်။ ဒါက ကျွန်တော့်ကစားသမားဘဝသက်တမ်းမှာ အရမ်းကို ဝမ်းမြောက်ရတဲ့အခိုက်အတံ့တစ်ခုပါပဲ။ ကျွန်တော် ဒီဆုကို ရရှိဖို့အတွက် အချိန်အကြာကြီး စောင့်နေခဲ့ရတာပါ"

"ဒီနှစ်ကတော့ အကောင်းဆုံးနှစ်ပါပဲ။ ကျွန်တော်တို့ ချန်ပီယံလိဂ်နဲ့ လာလီဂါမှာ ချန်ပီယံဖြစ်ခဲ့တယ်။ ကျွန်တော့်ရဲ့တစ်ဦးချင်းအဆင့်တွေလည်း မြင့်မားလာခဲ့တယ်။ ကျွန်တော်က ချန်ပီယံလိဂ်မှာ ထိပ်တန်း ဂိုးသွင်းရှင်ဖြစ်လာခဲ့ပါပြီ"

"ဒီဆုကို ရရှိဖို့အတွက် ဆုဖလားတွေက အကူအညီပေးခဲ့တာပါ။ ကျွန်တော့်အနေနဲ့ လုပ်ဖော်ကိုင်ဘက်တွေဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ပေါ်တူဂီလက်ရွေးစင်အသင်းက အသင်းဖော်တွေကို အရမ်းကျေးဇူးတင်တယ်လို့ ပြောကြားချင်ပါတယ်။ အဲဒီဆုဖလားတွေက ကျွန်တော့်အတွက် အရမ်းကို အရေးကြီးခဲ့ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

play

 

ရော်နယ်ဒိုနဲ့မက်ဆီတို့ဟာ ဘလွန်းဒီအောာ်ဆုကို တစ်ယောက်တစ်လှည့်စီ ရယူနေတဲ့ ကစားသမားတွေဖြစ်ပြီး ယခုနှစ်မှာ ရော်နယ်ဒိုက ၂ နှစ် ဆက်တိုက် ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

"ကျွန်တော့်အနေနဲ့ ဒီခြေစွမ်းအတိုင်း လာမယ့်နှစ်အနည်းငယ်အထိ ကစားနိုင်မယ်လို့ မျှော်လင့်ပါတယ်။ မက်ဆီနဲ့လည်း ဆက်ပြီး ရင်ဆိုင်ယှဉ်ပြိုင်သွားချင်ပါတယ်"

"အခုရာသီမှာလည်း ကျွန်တော်တို့အသင်းအနေနဲ့ ကောင်းမွန်နေတယ်လို့ ခံစားရပါတယ်။ ရာသီကုန်တဲ့အခါကျရင် ဘာဆုဖလားတွေ ရရှိခဲ့လဲဆိုတာကို မြင်ရမှာပါ"

"နေမာကလည်း ပါရမီရှိတဲ့ ကစားသမားတစ်ဦးပါ။ ဘလွန်းဒီအော်ဆုကို ရရှိဖို့အတွက် အများကြီး အလားအလာရှိပါတယ်။ သူ့အနေနဲ့ အနာဂတ်မှာ ဆုရရှိဖို့အတွက် အခွင့်အရေးတွေ ရလာမယ်ဆိုတာ ကျွန်တော့်အနေနဲ့တော့ သေချာပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD