AD
AD
AD
play

 

ယနေ့နံနက်မှာ ပေးအပ်သွားခဲ့တဲ့ ဘလွန်းဒီအော်ဆုကို ရီးရဲမက်ဒရစ်အသင်းရဲ့တောင်ပံကစားသမား ခရစ်စတီယာနိုရော်နယ်ဒိုက ဆွတ်ခူးရရှိခဲ့ပြီး မက်ဆီနဲ့ နေမာတို့က ဒုတိယနဲ့ တတိယနေရာမှာ အသီးသီးရပ်တည်နိုင်ခဲ့ကြပါတယ်။

play

 

အကောင်းဆုံးကစားသမား ၁၀ ဦးစာရင်းမှာတော့ ပီအက်စ်ဂျီအသင်းရဲ့ လူငယ်ကစားသမား ဘတ်ပီဟာ အဆင့် ၇ နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ ဒါကြောင့် ကမ္ဘာ့အကောင်းဆုံးကစားသမား ၁၀ ဦးစာရင်းထဲမှာ ပထမဆုံးအကြိမ် ပါဝင်ခဲ့တဲ့ အသက် ၂၀ နှစ်အောက် လူငယ်ကစားသမားအဖြစ် စံချိန်သစ် ရေးထိုးနိုင်ခဲ့တာဖြစ်ပါတယ်။

play

 

ဘတ်ပီဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းယူထားနိုင်တဲ့ ဆယ်ကျော်သက်ကစားသမားအဖြစ် စံချိန်သစ် ရေးထိုးခဲ့ပါသေးတယ်။ ဘတ်ပီအနေနဲ့ အနာဂတ်မှာ ဘလွန်းဒီအော်ဆုကို ရရှိလာနိုင်တဲ့ ကစားသမား ၁၀ ဦးစာရင်းထဲမှာလည်း ပါဝင်ခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD