AD
AD
AD
play

 

၅ ကြိမ်မြောက် ဘလွန်းဒီအော်ဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့ ရီးရဲမက်ဒရစ်အသင်းရဲ့တောင်ပံကစားသမား ခရစ်စတီယာနိုရော်နယ်ဒိုဟာ ဆုချီးမြှင့်တဲ့ အခမ်းအနားအပြီးမှာ ပြင်သစ်သတင်းဌာနတွေနဲ့ တွေ့ဆုံခဲ့ရာမှာ မိမိဟာ ဘောလုံးသမိုင်းတစ်လျှောက်မှာ အကောင်းဆုံးကစားသမားလို့ ယုံကြည်ကြောင်းပြောကြားခဲ့ပါတယ်။

play

 

ခရစ်စတီယာနိုရော်နယ်ဒိုဟာ ရီးရဲမက်ဒရစ်အသင်းရဲ့တစ်သက်တာဂိုးသွင်းစံချိန်ရှင်ဖြစ်ပြီး အင်္ဂလန်နဲ့ စပိန်မှာရှိတဲ့ ဖလားအားလုံးကို ရရှိခဲ့ဖူးတဲ့အပြင် ချန်ပီယံလိဂ်ဖလားကို ၄ ကြိမ်တိတိ ရရှိခဲ့ဖူးတဲ့ကစားသမားဖြစ်ပါတယ်။

play

ခရစ်စတီယာနိုရော်နယ်ဒိုနဲ့ ဘာစီလိုနာအသင်းရဲ့တိုက်စစ်မှူး မက်ဆီတို့ ၂ ဦးမှာ ဘယ်သူက ပိုကောင်းမွန်တဲ့ကစားသမားလဲဆိုတဲ့ ကိစ္စကို လူအများ အငြင်းအခုန်ဖြစ်နေပေမယ့် ရော်နယ်ဒိုက မက်ဆီနဲ့နေမာတို့ နှစ်ဦးစလုံးထက် မိမိကသာ ပိုမိုကောင်းမွန်ကြောင်း ပြောကြားခဲ့ပါတယ်။

"ကျွန်တော့်ထက် ပိုကောင်းတဲ့ကစားသမား မတွေ့မိသေးပါဘူး"လို့ ရော်နယ်ဒိုက ပြင်သစ်ဘောလုံးသတင်းဌာနကို ဆုလက်ခံရယူအပြီးမှာ ပြောကြားခဲ့ပါတယ်။

play

 

"ကျွန်တော် မလုပ်နိုင်တဲ့အရာ လုပ်ပြနိုင်တဲ့ ကစားသမားဆိုတာ မရှိပါဘူး။ ကျွန်တော် လုပ်ပြခဲ့တဲ့အရာကို လိုက်မလုပ်နိုင်တဲ့ ကစားသမားပဲ ရှိပါတယ်"

"ကျွန်တော့်ထက်ပိုပြီး ပြီးပြည့်စုံတဲ့ ကစားသမားဆိုတာ မရှိပါဘူး"

"ကျွန်တော်က ဘောလုံးသမိုင်းမှာ အကောင်းဆုံးကစားသမားပါ။ ခြေစွမ်းပိုင်း ကောင်းမွန်နေချိန်မှာရော၊ ဆိုးရွားနေတဲ့အခိုက်အတံ့မှာရောပေါ့"လို့ ပြောကြားခဲ့ပါတယ်။

ရော်နယ်ဒိုရဲ့ယခုလို ပြောကြားချက်ကို လူမှုကွန်ရက်မှာရှိတဲ့ မက်ဆီရဲ့ပရိသတ်တွေက ပြစ်တင်ဝေဖန်ခဲ့ပြီး ရော်နယ်ဒိုအနေနဲ့ မက်ဆီထက် ဆုဖလား အနည်းငယ်သာ သာလွန်သေးတာကြောင့် အကောင်းဆုံးကစားသမားမဟုတ်သေးကြောင်း တုန့်ပြန်ပြောကြားခဲ့ကြပါတယ်။

Source & Photos: Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD