AD
AD
AD
play

 

ပီရူးအသင်းရဲ့အသင်းခေါင်းဆောင် ပေါ်လိုဂွာရာရိုဟာ အာဂျင်တီးနားအသင်းနဲ့ယှဉ်ပြိုင်ကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ တားမြစ်ထားတဲ့ ကိုကင်းသုံးစွဲထားကြောင်း တွေ့ရှိခဲ့တာကြောင့် ဆေးစစ်မှုပြုလုပ်ခဲ့ပြီးနောက် ဘောလုံးကစားခွင့် ၁ နှစ် ပိတ်ပင်ခံခဲ့ရတာဖြစ်ပါတယ်။

play

 

အသက် ၃၃ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ပီရူးအသင်းခေါင်းဆောင် ပေါ်လိုဂွာရာရိုဟာ ပီရူးအသင်းရဲ့ဂိုးသွင်းအများဆုံးကစားသမားဖြစ်ပြီး ပီရူးအသင်းကို ၁၉၈၂ ခုနှစ်နောက်ပိုင်း ဝင်ခွင့်မရခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ခွင့်ရအောင် စွမ်းဆောင်ပေးခဲ့တဲ့ကစားသမားလည်းဖြစ်ပါတယ်။

play

 

"ဒီဖြစ်ရပ်ကို ဖီဖာရဲ့စည်းကမ်းထိန်းသိမ်းရေးကော်မတီက အပြန်ပြန်အလှန်လှန် စစ်ဆေးသုံးသပ်ပြီး ပီရူးလက်ရွေးစင်အသင်းခေါင်းဆောင် ပေါ်လိုဂွာရာရိုကို တစ်နှစ် ကစားခွင့်ပိတ်ပြီး ပြစ်ဒဏ်ချမှတ်လိုက်တာဖြစ်ပါတယ်"လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

play

 

ပေါ်လိုဂွာရာရိုဟာ ၂၀၀၄ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အထိ ဘိုင်ယန်မြူးနစ်အသင်းမှာ ကစားခဲ့ဖူးပြီး လက်ရှိအချိန်မှာတော့ ဘရာဇီးကလပ်ဖြစ်တဲ့ ဖလာမင်ဂိုအသင်းမှာ ကစားနေတဲ့ကစားသမားဖြစ်ပါတယ်။ ဖလာမင်ဂိုအသင်းအတွက် ၅၅ ပွဲပါဝင်ကစားပေးထားပြီး ၁၈ ဂိုးသွင်းယူထားနိုင်ခဲ့သလို ပီရူးလက်ရွေးစင်အသင်းအတွက် ၈၆ ပွဲပါဝင်ကစားပေးထားပြီး ၃၂ ဂိုးအထိ သွင်းယူပေးပြီး ပီရူးအသင်းရဲ့ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်ထားနိုင်တဲ့ကစားသမားဖြစ်ပါတယ်။

Source & Photos: The Guardian

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD