မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ဥရောပ လိဂ်ပြိုင်ပွဲအသီးသီးရဲ့ ပွဲစဉ်များအပြီးမှာ စံချိန်သစ်တွေ ထပ်တင်နိုင်ခဲ့တဲ့ သူတွေ ပေါ်ထွက်လာခဲ့ ပြန်ပါတယ်။

play

 

ဥရောပ ထိပ်တန်းလိဂ် တွေဖြစ်တဲ့ ပရီးမီးယားလိဂ်၊စပိန်လာလီဂါ၊ဂျာမန်ဘွန်ဒက်လီဂါတို့မှ စံချိန်သစ်တွေကို တင်ရှိနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

play

 

ပရီးမီးယားလိဂ်မှ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းမှာ မနေ့က စတုတ်စီးတီးအသင်းကို ၅-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာ သွင်းဂိုးနှစ်ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် နှစ်တစ်နှစ်အတွင်းသွင်းဂိုးအများဆုံးကစားသမားစာရင်းတွင် သွင်းဂိုးစုစုပေါင်း ၃၃ ဂိုးနဲ့ အဆင့် ၄ နေရာကို ရောက်ရှိလာခဲ့တာလည်း ဖြစ်ပါတယ်။

play

 

အဆိုပါ သွင်းဂိုးအများဆုံးကစားသမားကတော့ နယူးကာဆယ်အသင်းတိုက်စစ်မှူး အလန်ရှီးယားဖြစ်ပြီး စုစုပေါင်း သွင်းဂိုး ၃၆ ဂိုးသွင်းယူထားနိုင်တာဖြစ်တာကြောင့် ဟယ်ရီကိန်းအနေနဲ့ ၂၀၁၇ ခုနှစ်ရဲ့ လက်ကျန်ပွဲစဉ်တွေမှာ အနည်းဆုံး သွင်းဂိုး ၃ ဂိုးမှ ၄ ဂိုးအထိ ထပ်မံ သွင်းယူနိုင်ပါက သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်လာတော့ မှာလည်း ဖြစ်ပါတယ်။

နောက်ထပ် စံချိန်သစ် တင်နိုင်ခဲ့သူကတော့ ဒေါ့မွန် အသင်းမှ ဂါဘွန်တိုက်စစ်မှူး အူဘာမီယန်းပဲ ဖြစ်ပါတယ်။

သူကတော့ မနေ့က ကစားခဲ့တဲ့ ၀ါဒါဘရီမင်အသင်းနဲ့ပွဲမှာ သွင်းဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ဘွန်ဒက်လီဂါ လိဂ် သမိုင်း တစ်လျှောက်မှာသွင်းဂိုးအများဆုံး အာဖရိက ကစားသမား ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။ စုစုပေါင်း သွင်းဂိုး ၉၇ ဂိုးအထိ သွင်းယူ နိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။

နောက်ဆုံးတစ်ယောက်ကတော့ စပိန်လာလီဂါမှ ပူပူနွေးနွေး ဘလွန်းဒီအောဆုရှင် ရော်နယ်ဒိုပဲ ဖြစ်ပါတယ်။

ရော်နယ်ဒိုကတော့ မနေ့က ဆီဗီလာအသင်းကို ၅-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲအပြီးမှာ ကစားသမားဘ၀ နိုင်ပွဲ ၅၀၀ ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။

ကစားသမားဘ၀ စတင်ရာ စပို့တင်း လစ္စဘွန်းအသင်းအတွက် ၁၃ ပွဲ အောင်မြင်မှုတွေ စတင်ရာ မန်ယူအသင်းနဲ့အတူ ၁၈၆ ပွဲ နဲ့ ယခု အောင်မြင်နေတဲ့ ရီးရဲအသင်းနဲ့အတူ ၃၀၁ ပွဲအထိ နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ဘလွန်းဒီအောဆုကိုလည်း ၅ ကြိမ်မြောက်ဆွတ်ခူးထားနိုင်ပြီဖြစ်ကာ အများဆုံး ဆွတ်ခူးနိုင်တဲ့ ကစားသမားအဖြစ် ဘာစီလိုနာအသင်းမှ မက်ဆီနဲ့ အတူတူ ရပ်တည်နေနိုင်ပြီလည်း ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video