ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်ကစားသမား မာရှေယာနိုမှာ လာမယ့် ဇန်န၀ါရီအပြောင်းအရွှေ့မှာ အသင်းပြောင်းတော့မယိလို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

play

 

ဒါ့အပြင် ၎င်းအနေနဲ့ အခြားဥရောပထိပ်တန်းအသင်းထက် အာရှလိဂ်ပြိုင်ပွဲတစ်ခုဖြစ်တဲ့ တရုတ်စူပါလိဂ်ကလပ်Hebei Fortune အသင်းကို ပြောင်းရွှေ့ဖို့ များနေတယ်လို့လည်းသတင်းတွေထွက်ပေါ်လာပါတယ်။

မာရှေယာနိုကို ဘာစီလိုနာအသင်းတာဝန်ရှိသူများက အသင်းမပြောင်းရွှေ့စေချင်ဘူးလို့လည်း သိထားရပေမယ့်၎င်းကတော့ ပြောင်းရွှေ့ဖို့ ဆုံး ဖြတ်လိုက်ပြီလို့လည်းသိရပါတယ်။

၎င်းအနေနဲ့ နည်းပြ ဗယ်ဗာဒီလက်ထက်မှာ နေရာမရရှိပဲ ဖြစ်နေတာကြောင့် ယခုလို အသင်းမှထွက်ခွာဖို့ကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ကတည်းက ဆုံးဖြတ်လိုက်တယ်လို့လည်းသိရပါတယ်။

လက်ရှိမှာတော့ အသက် ၃၃ နှစ်ရှိနေပြီဖြစ်တဲ့ မာရှေယာနိုမှာ တရုတ်ကလပ်အသင်းကိုပြောင်းရွှေ့နိုင်ရေး ချိတ်ဆက်ဆောင်ရွက်မှုများ ပြုလုပ်နေပြီဖြစ်ပြီး လာမယ့် ဇန်န၀ါရီမှာ ပြောင်းရွှေ့ဖို့ သေချာသလောက်ရှိနေတာလည်း ဖြစ်ပါတယ်။

မာရှေယာနိုမှာ ဘာစီလိုနာအသင်းကို ၂၀၁၀ ခုနှစ်က လီဗာပူးအသင်းကနေ ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။

Source- Football Tribe Asia

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video