ယူအေအီးကလပ် အယ်ဂျာစီရာ အသင်းအနေနဲ့ ဂျပန်ကလပ် အူရာဝါ အသင်းကို ၁-၀ ဂိုးနဲ့ အနိုင်ယူပြီး သမိုင်းတစ်လျှောက် ကမ္ဘာ့ကလပ် ချန်ပီယံရှစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့်ကိုတက်လှမ်းနိုင်ခဲ့ပါတယ်။

play

 

ဆီမီးဖိုင်နယ်အဆင့်မှာတောာ့ ဥရောပ ချန်ပီယံလိဂ် နှစ်ထပ်ကွမ်းဆုရှင် ရီးရဲမက်ဒရစ်အသင်းနဲ့ ရင်ဆိုင်ရမှာလည်း ဖြစ်ပါတယ်။

ရီးရဲအသင်းအနေနဲ့ ယခု ကမ္ဘာ့ကလပ် ချန်ပီယံပြိုင်ပွဲကို နှစ်နှစ်ဆက် ၀င်ရောက်ယှဉ်ပြိုင်နိုင်တာလည်း ဖြစ်ပြီး မနှစ်က ပြိုင်ပွဲမှာတော့ ရီးရဲမက်ဒ ရစ်အသင်းက အနိုင်ရဗိုလ်စွဲထားပါတယ်။

ဒါ့အပြင် ယခုပြိုင်ပွဲမှာ ထပ်မံ ဗိုလ်စွဲပါက ဖီဖာ ကမ္ဘာ့ကလပ်ပြိုင်ပွဲမှာ အအောင်မြင်ဆုံးကလပ်အသင်းအဖြစ် ဘာစီလိုနာအသင်းနဲ့အတူ ၃ ကြိမ် စီ ရပ်တည်နိုင်မှာလည်း ဖြစ်ပါတယ်။

ရီးရဲမက်ဒရစ်အသင်းနဲ့ အယ်ဂျာစီရာအသင်းတို့ရဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်ကိုတော့ လာမယ့် ဗုဒ္ဓဟူးနေ့ မှာ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပြီး အခြားသော ဆီမီးဖိုင်နယ်ပွဲစဉ်တစ်ပွဲအဖြစ် ဘရာဇီး ကလပ် ဂရီမီယို အသင်းနဲ့ မက္ကဆီကိုကလပ် ပါချူကာ အသင်းတို့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

ဖီဖာကမ္ဘာ့ကလပ် ချန်ပီယံရှစ်ပြိုင်ပွဲကို ၂၀၀၀ ခုနှစ်က စတင်ကျင်းပခဲ့တာ ဖြစ်ပြီး ပြိုင်ပွဲဝင်အသင်း ၇သင်း ၀င်ရောက်ယှဉ်ပြိုင်စေတာလည်း ဖြစ်ပါတယ်။

ဗိုလ်လုပွဲကိုတော့ လာမယ့် ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ ယှဉ်ပြိုင်ကစားစေမှာလည်း ဖြစ်ပါတယ်။

Source- Football Tribe Aisa

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video