ယနေ့ နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဗီလာရီးရဲအသင်းနဲ့ ဘာစီလိုနာအသင်းတို့ရဲ့ စပိန်လာလီဂါပွဲစဉ်မှာတောာ့ ဘာစီလိုနာအသင်းက ဆွာရက်၊မက်ဆီတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ အဝေးကွင်းမှာ ၂-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

play

 

အဆိုပါ ပွဲစဉ်မှာ ဒုတိယ အနိုင်ဂိုးသွင်းယူနိုင်ခဲ့တဲ့ အာဂျင်တီးနားတိုက်စစ်မှူး လီယွန်နယ် မက်ဆီမှာ ဘာစီလိုနာအသင်းအတွက် သွင်းဂိုး ၅၂၅ ဂိုး ပြည့်မြောက်ခဲ့ပြီလည်း ဖြစ်ပါတယ်။

play

 

အဆိုပါ ဂိုးသွင်းစံချိန်မှာ မက်ဆီအတွက် အသင်းတစ်သင်းတည်းအတွက် သွင်းဂိုး ၅၂၅ ဂိုးသွင်းယူပေးထားခဲ့တဲ့ ဘိုင်ယန်မြူးနစ် ကစားသမား ဂတ်မူလာရဲ့ စံချိန်ကိုလိုက်မီခဲ့ပြီလည်း ဖြစ်ပါတယ်။

ဂတ်မူလာမှာ ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ ၁၉၆၅ ခုနှစ်မှ ၁၉၇၉ ခုနှစ် အထိအတောအတွင်း စုစုပေါင်း သွင်းဂိုး ၅၂၅ ဂိုးသွင်းယူပေးနိုင်ခဲ့တာ လည်း ဖြစ်သလို မက်ဆီမှာလည်း ၂၀၀၄ အောက်တိုဘာလ ၁၆ ရက်နေ့မှ စတင်ကာ ယနေ့အချိန်ထိ သွင်းဂိုး ၅၂၅ ဂိုး သွင်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အဆိုပါ စံချိန်ဟာ အမြင့်ဆုံး စံချိန်တော့ မဟုတ်သေးပဲ ၅၃၄ ဂိုးသွင်းယူထားတဲ့ ဂျိုးဇက်ပီကန်နဲ့ ၆၄၃ ဂိုးသွင်းယူထားတဲ့ ပီလီ တို့ရဲ့စံချိန်တွေကို ထပ်မံကျော်ဖြတ်နိုင်ဖို့ လိုပါသေးတယ်။

Source- Goal.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video