AD
AD
AD
play

 

ဘာစီလိုနာအသင်းရဲ့ကွင်းလယ်ကစားသမား အိုင်ဗန်ရာကီတစ်ဟာ ရီးရဲမက်ဒရစ်အသင်းရဲ့တောင်ပံကစားသမား ခရစ်စတီယာနိုရော်နယ်ဒိုရဲ့ ဘလွန်းဒီအော်ဆုကို ၅ ကြိမ်မြောက် ရယူပြီးနောက် ဘောလုံးသမိုင်းတစ်လျှောက်မှာ မိမိကသာ အကောင်းဆုံးကစားသမားဖြစ်တယ်ဆိုပြီး ပြောကြားခဲ့တဲ့စကားအပေါ်မှာ တုန့်ပြန်ခဲ့ပါတယ်။

play

 

တနင်္ဂနွေနေ့ညမှာ ဗလင်စီယာအသင်းကို ဘာစီလိုနာအသင်းက ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီးမှာ ရာကီတစ်က ရော်နယ်ဒိုအနေနဲ့ မက်ဆီလို ကစားသမားမျိုးနဲ့ အတူတူ ခေတ်ပြိုင်ကစားသမားဖြစ်ရတာ ကံမကောင်းဘူးလို့ ပြောကြားခဲ့ပါတယ်။

"ခင်ဗျား ကျွန်တော့်ရဲ့အမြင်ကို သိပါတယ်"

"ရော်နယ်ဒိုရဲ့အပေါ်မှာ ကျွန်တော် လေးစားမှုရှိပါတယ်။ သူက သူ့ကိုယ်သူ ဘောလုံးသမိုင်းမှာ အကောင်းဆုံးကစားသမားလို့ ပြောခဲ့တယ်နော်"

"Ballon d'Or ဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့အတွက် သူ့ကို ဂုဏ်ပြုပါတယ်။ ဒါပေမယ့် ကျွန်တော့်အတွက်ကတော့ မက်ဆီက အနှိုင်းမဲ့တဲ့ ကစားသမားပါ။ နံပါတ်တစ်ဆိုတာ တစ်ခုပဲရှိတယ်"

"သူနဲ့အတူတူ တိုက်တိုက်ဆိုင်ဆိုင် ခေတ်ပြိုင်ပေါ်ထွန်းလာတဲ့ကစားတွေကတော့ ကံဆိုးတယ်လို့ ပြောဖို့ လုံလောက်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

play

 

ဘာစီလိုနာအသင်းရဲ့တိုက်စစ်မှူး မက်ဆီဟာ ယခုရာသီမှာ ဘာစီလိုနာအသင်းအတွက် ၂၃ ပွဲ ကစားပေးထားပြီး ၁၈ ဂိုးအထိ သွင်းယူပေးထားပါတယ်။ ခရစ်စတီယာနိုရော်နယ်ဒိုကလည်း ရီးရဲမက်ဒရစ်အသင်းအတွက် ၁၉ ပွဲပါဝင်ကစားပေးထားပြီး ၁၄ ဂိုးသွင်းယူပေးထားတဲ့ကစားသမားဖြစ်ပါတယ်။

Source & Photo: Soccer Laduma

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD