play

 

ပီအက်စ်ဂျီအသင်းရဲ့တိုက်စစ်မှူး နေမာဟာ လာမယ့် ၁၈ လအကြာမှာ စပိန်ကို ပြန်သွားဖို့ စီစဉ်နေကြောင်း Diario Gol ရဲ့ ရေးသားချက်အရ သိရပါတယ်။

play

 

နေမာဟာ ယခုနှစ်အတွက် ဘလွန်းဒီအော်ဆုကို ရရှိဖို့အတွက် နီးစပ်ခဲ့ပေမယ့် လွဲချော်ခဲ့ပြီး စပိန်အသင်းကြီးတစ်သင်းမှာ ကစားမှသာ သူ့အတွက် ဘလွန်းဒီအော်ဆုကို ရရှိဖို့အတွက် အခွင့်အရေးပိုမိုရရှိမယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

play

 

ရီးရဲမက်ဒရစ်အသင်းရဲ့ဥက္ကဌ ပီးရက်ဇ်ဟာ ယခုအပတ်အစောပိုင်းက ဘတ်ပီနဲ့ နေမာတို့ နှစ်ဦးစလုံးကို ခေါ်ယူဖို့ ပြင်ဆင်နေတယ်တဲ့အကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

"ဘတ်ပီက အသက် ၁၈ နှစ်ပဲ ရှိပါသေးတယ်။ သူ့ကိုတော့ ဒီထက်ခြေစွမ်းတိုးတက်အောင် ထားလိုက်ပြီး သူဘယ်လောက်အထိ ကောင်းလာနိုင်တယ်ဆိုတာ စောင့်ကြည့်ပါဦးမယ်"

"ကျွန်တော်တို့မှာ အကောင်းဆုံးကစားသမားတွေ ရှိတယ်။ နေမာကို ခေါ်ယူပြီး ဘတ်ပီ ခြေစွမ်းတိုးတက်လာတဲ့အချိန်ကို စောင့်တာဟာ ဆိုးတဲ့အကြံတော့မဟုတ်ပါဘူး"လို့ ပြောကြားခဲ့ပါတယ်။

Source & Photos: Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video