၂၀၁၇ ခုနှစ်ရဲ့ ဥရောပ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပြိုင်ပွဲများ မဲနှိုက်ရွေးချယ်မှုကို ယနေ့ညနေပိုင်းမှာ ပြုလုပ်ခဲ့ရာမှာတော့ အသင်းကြီးတွေ ထိပ်တိုက်တွေ့ဆုံနေပါတယ်။

play

ယခုအဆင့်မှာတော့ ချဲလ်ဆီးအသင်းအပါအ၀င် ကျန် အင်္ဂလန်ကလပ်အသင်းအားလုံး ပွဲကြပ်များနဲ့ ရင်ဆိုင်နေပြီး စပါးအသင်းမှာ အီတလီမှ ဂျူဗင်တပ်၊မန်ယူအသင်းကတော့ စပိန်မှ ဆီဗီလာ၊လီဗာပူးအသင်းကတော့ ပေါ်တူဂီမှ ပေါ်တို၊မန်စီတီးအသင်းက ဘေဆယ်အသင်းတို့တွေ့ဆုံနေသလို ချဲလ်ဆီးအသင်းကတော့ ပြိုင်ဘက်ဟောင်း ဘာစီလိုနာအသင်းနဲ့ ထိပ်တိုက်တွေ့ဆုံနေပါတယ်။

play

 

ဒါ့အပြင် ရှက်တာဒိုးနက်နဲ့ ရိုးမား၊ဘိုင်ယန်နဲ့ ဘီဆစ်တပ်အပါအ၀င် ယခုနှစ်မှာဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ ပီအက်ဂျီကတော့ လက်ရှိ ချန်ပီယံ ရီးရဲနဲ့ တွေ့ဆုံနေပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video