လီဗာပူးအသင်းမှ အီဂျစ် ကစားသမား မိုဟာမက်ဆာလာမှာ ဘီဘီစီ သတင်းဌာနက ပေးအပ်ချီးမြှင့်တဲ့ အာဖရိက အကောင်းဆုံး ကစားသမား ဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။

play

 

ပရိသတ်တွေရဲ့ မဲပေးရွေးချယ်မှုကို ခံယူပြီး ပေးအပ်တဲ့ ယခုဆုမှာတော့ မိုဟာမက်ဆာလာက အူဘာမီယန်း၊နဘီကီတာ၊မော့ဆက်နဲ့ အသင်းဖော် မာနေးတို့ကို ကျော်ဖြတ်ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

"ကျွန်တော် ဒီဆုကို ရရှိတာ အရမ်းပျော်ရွှင်ရပါတယ်။ဒီလိုခံစားချက်မျိုးလည်း ဘယ်တုန်းကမှ မခံစားမိဖူးပါဘူး။သေချာပါတယ်၊ဒီနှစ်က ကျွန်တော့်အတွက်တော့ အရမ်းကို ထူးခြားတဲ့ နှစ်တစ်နှစ်ဖြစ်သွားခဲ့ပါပြီ။" လို့ဆာလာက ထုတ်ဖော်ပြောခဲ့ပါတယ်။

လက်ရှိအချိန်မှာ ပရီးမီးယားလိဂ် သွင်းဂိုး၁၃ ဂိုးအထိ သွင်းယူကာ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်နေနိုင်တာဖြစ်သလို နိုင်ငံအသင်းကိုလည်း ၎င်းရဲ့ ဂိုးနဲ့ ကမ္ဘာ့ဖလား ကို ၀င်ရောက်ခွင့်ရစေခဲ့တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ယခုဆုကို ဆွတ်ခူးနိုင်ခဲ့တာကြောင့် ဆာလာအနေနဲ့ တတိယမြောက် အီဂျစ်ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။

Source- BBC SPORT

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video