play

 

ဂျူဗင်တပ်အသင်းရဲ့ဝါရင့်ဂိုးသမားကြီး ဘူဖွန်ဟာ ၂၀၁၈ ကမ္ဘာ့ဖလားဝင်ခွင့်အတွက် ဆွီဒင်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ Play-off ပွဲစဉ်မှာ ၂ ကျော့ပေါင်းရလဒ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီးမှာ လက်ရွေးစင်ကစားသမားဘဝကနေ အနားယူပြီဖြစ်ကြောင်း ပြောကြားခဲ့ပြီး ကလပ်အသင်းကနေလည်း အနားယူဖို့ စဉ်းစားနေတယ်လို့ ပြောကြားခဲ့ပါတယ်။

play

 

ဘူဖွန်ဟာ ပြီးခဲ့တဲ့စနေနေ့က အင်တာမီလန်အသင်းနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲစဉ်အပြီးမှာ အင်တာမီလန်အသင်းရဲ့အားကစားဒါရိုက်တာ ပီယာရိုသြစီလီယိုကို ဘူဖွန်က မိမိသာ ဂျူဗင်တပ်အသင်းအတွက် အရေးကြီးတဲ့အခန်းကဏ္ဍမှာ ရှိနေသေးတယ်ဆိုရင် နောက်ထပ်တစ်ရာသီ ဆက်ကစားပေးဖို့ စဉ်းစားပေးနိုင်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

play

အသက် ၃၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘူဖွန်ဟာ ၂၀၀၁ ခုနှစ်မှာ ပါးမားအသင်းကနေ ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့ကစားခဲ့ပြီး ယနေ့အချိန်ထိ ဂျူဗင်တပ်အသင်းအတွက် ပွဲပေါင်း ၄၉၈ ပွဲ ပါဝင်ကစားပေးထားတဲ့ ကစားသမားဖြစ်ပါတယ်။

Source & Photos: BR

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video