AD
AD
AD

လာမယ့်နွေရာသီမှာ အာဆင်နယ်အသင်းရဲ့ ညာနောက်ခံလူ ဘယ်လာရင်ကို ခေါ်ယူဖို့ ဂျူဗင်တပ်အသင်း ပြင်ဆင်နေတယ်လို့ သိရပါတယ်။

play

 

အဓိကအနေနဲ့ အသင်းရဲ့ နောက်ခံလူ လစ်ချက်စတိန်နာ အနေနဲ့ အသင်းကထွက်ခွာတော့မှာ ဖြစ်တာကြောင့် ၎င်းရဲ့ နေရာမှာ အစားထိုးနိုင်ဖို့ အတွက် ဘယ်လာရင်ကိုခေါ်ယူမှာ ဖြစ်တယ်လို့လည်းသိရပါတယ်။

အခြားသောကစားသမားတွေဖြစ်တဲ့ Thomas Meunier နဲ့ Sime Vrsaljko တို့ကို ပစ်မှတ်ထားပေမယ့်လည်း ဘယ်လာရင်ကိုသာ ဦးစားပေး ခေါ်ယူနိုင်ရေး ကြိုးစားသွားမှာလည်း ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ခေါ်ယူမယ့် ပြောင်းရွှေ့ကြေးကို သတ်မှတ်ထုတ်ပြန်ခြင်း မပြုသေးပဲ မိမိတို့အနေနဲ့ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးပေးပါက အာဆင်နယ်အသင်းအနေနဲ့ ဘယ်လာရင်ကို လက်လွှတ်ဖွယ်ရှိနေတယ်လို့ ယုံကြည်နေကြောင်း ဂျူဗင်တပ် အသင်းက ပြောကြားခဲ့ပါတယ်။

ဂျူဗင်တပ်အသင်းအနေနဲ့ ယခုနှစ် အီတလီစီးရီးအေတွင် ၁၆ ပွဲကစား ၃၈ မှတ်နဲ့ အဆင့် ၃ နေရာမှာ အဆင့် ၁ မှ အင်တာမီလန်အောက် ၂ မှတ်အကွာနဲ့ ရပ်တည်ထားနိုင်သလို ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း နောက်တစ်ဆင့်ကို တက်ရောက်ထားနိုင်ပြီဖြစ်ပါတယ်။

Source- Goal.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD