AD
AD
AD

ယနေ့ည ၁၁ နာရီ ၃၀ မိနစ်မှာ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် အယ်ဂျာဇီရာနဲ့ ရီးရဲမက်ဒရစ်အသင်းတို့ ယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်ပါတယ်။

play

 

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံကတော့ ရီးရဲမက်ဒရစ်အသင်းဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်က ဖိုင်နယ်မှာ ဂျပန်ကလပ် ကရှီးမားအန်တလာအသင်းကို ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိပြီး ချန်ပီယံဖြစ်ခဲ့တာဖြစ်ပါတယ်။

play

 

ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို အာရှ၊ အာဖရိက၊ မြောက်အမေရိက၊ သမုဒ္ဒရာပိုင်းဇုန်၊ ဥရောပက ချန်ပီယံဖြစ်ထားတဲ့အသင်း ၇ သင်း ပါဝင်ယှဉ်ပြိုင်ကစားနေကြတာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ ဖီဖာကလပ်ကမ္ဘာ့ဖလားကို ၃ ကြိမ်အထိ ရယူထားနိုင်ခဲ့ပြီး ဥရောပမှာ အအောင်မြင်ဆုံးအသင်းဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။

play

 

ရီးရဲမက်ဒရစ်အသင်းဟာ ဖီဖာကလပ်ကမ္ဘာ့ဖလားကို ၂ ကြိမ်အထိ ရယူထားနိုင်ခဲ့တာကြောင့် ယခုနှစ်မှာ ထပ်မံရယူနိုင်ခဲ့မယ်ဆိုရင် ဘာစီလိုနာအသင်းနဲ့ အကြိမ်ရေတူညီသွားမှာဖြစ်ပြီး ၂၀၁၇ ခုနှစ်ကိုလည်း အောင်မြင်မှုတွေနဲ့ အဆုံးသတ်နိုင်မှာဖြစ်သလို ရီးရဲမက်ဒရစ် အသင်းရဲ့နည်းပြ ဇီဒန်းအနေနဲ့ ရီးရဲမက်ဒရစ်အသင်းရဲ့သမိုင်းတစ်လျှောက်မှာ ဒုတိယ အအောင်မြင်ဆုံးနည်းပြ ဖြစ်လာမှာလည်း ဖြစ်ပါတယ်။

Source & Photos: Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD