play

 

ရီးရဲမက်ဒရစ်အသင်းရဲ့တောင်ပံကစားသမား ခရစ်စတီယာနိုရော်နယ်ဒိုဟာ ပေါ်တူဂီလက်ရွေးစင်အသင်းဖော် အန်ဒရေးဆေးလ်ဗားကို ခေါ်ယူပေးဖို့ ရီးရဲမက်ဒရစ်အသင်းဥက္ကဌ ဖလော်ရန်တီနိုပီးရက်ဇ်ကို တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။

play

 

ခရစ်စတီယာနိုရော်နယ်ဒိုဟာ အေစီမီလန်အသင်းမှာ ကစားနေတဲ့ တိုက်စစ်မှူး အန်ဒရေးဆေးလ်ဗားကို လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အသင်းကို အရခေါ်ယူပေးဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။

play

 

ရီးရဲမက်ဒရစ်အသင်းဟာ ယခုရာသီ လာလီဂါမှာ အဆင့် ၄ နေရာမှာသာ ရပ်တည်နေရပြီး ဇယားထိပ်က ဘာစီလိုနာအသင်းနဲ့ ၈ မှတ်အထိ အမှတ်ကွာဟနေတာဖြစ်ပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ပီအက်စ်ဂျီနဲ့တွေ့ဆုံရမှာဖြစ်တာကြောင့် ခရစ်စတီယာနိုရော်နယ်ဒိုက လာမယ့်ဇန်နဝါရီလမှာ အန်ဒရေးဆေးလ်ဗားကို အရခေါ်ယူစေချင်နေတာဖြစ်ပါတယ်။

play

 

ရီးရဲမက်ဒရစ်အသင်းဟာ ပုံမှန်ခြေစွမ်းရရှိဖို့ ရုန်းကန်နေရတဲ့ ဘန်ဇီးမားရဲ့နေရာမှာ အစားထိုးဖို့အတွက် အင်တာမီလန်အသင်းရဲ့တိုက်စစ်မှူး အီကာဒီကိုခေါ်ယူမယ်လို့ သတင်းတွေထွက်ပေါ်နေခဲ့တာဖြစ်ပြီး ယခုအခါမှာတော့ ခရစ်စတီယာနိုရော်နယ်ဒိုက လက်ရွေးစင်အသင်းဖော်ဖြစ်တဲ့ တိုက်စစ်မှူး အန်ဒရေးဆေးလ်ဗားကိုသာ ခေါ်ယူပေးဖို့ တောင်းဆိုလိုက်တာဖြစ်ပါတယ်။

Source & Photos: Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video