AD
AD
AD

ဗုဒ္ဓဟူးနေ့ ည ၁၁ နာရီခွဲအချိန်က ကမ္ဘာ့ကလပ်ချန်ပီယံရှစ် ဆီမီးဖိုင်နယ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ရီးရဲမက်ဒရစ်အသင်းနဲ့ ယူအေအီး ကလပ် အယ် ဂျာဇီရာ အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာမှာ ရီးရဲအသင်းက ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

play

 

ရီးရဲအသင်းအနေနဲ့ အာရှကလပ်အသင်းလေးတစ်သင်းကို လူစုံထုတ်ကစားပေမယ့်လည်း အဖွင့်ဂိုးအရင်ပေးခဲ့ရပြီး နောက်မှ လိုက်ကစားကာ နောက်ကျဂိုးနဲ့ အနိုင်ရရှိခဲ့ခြင်းလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ဒဏ်ရာကြောင့် ကာလရှည်အနားယူနေရတဲ့ ဘေးလ်လည်း ပြန်လည်ပါဝင်လာခဲ့သလို ၎င်းရဲ့ ၈၁ မိနစ်မှာ သွင်းယူပေးတဲ့ နောက်ကျဂိုး ကြောင့်သာ ရီးရဲအသင်းအနေနဲ့ အနိုင်ရရှိခဲ့ခြင်းလည်း ဖြစ်ပါတယ်။

ယခုပွဲအနိုင်ရရှိခဲ့တာကြောင့် ရီးရဲအသင်းအနေနဲ့ ဘရာဇီးကလပ် ဂရီမီယိုအသင်းနဲ့ ကမ္ဘာ့ကလပ် ချန်ပီယံဗိုလ်လုပွဲကို လာမယ့် စနေနေ့ ညမှာ ယှဉ်ပြိုင်ကစားရမှာလည်း ဖြစ်ပါတယ်။

ယခုတစ်ကြိမ်ထပ်မံဗိုလ်စွဲမယ်ဆိုပါက ရီးရဲအသင်းအနေနဲ့ ကမ္ဘာ့ကလပ်ချန်ပီယံဆုကို ၂ ကြိမ်ဆက်ဗိုလ်စွဲနိုင်တဲ့အသင်းဖြစ်လာမှာ ဖြစ်ပြီး အအောင်မြင်ဆုံးအသင်းအဖြစ်လည်း ဘာစီလိုနာအသင်းနဲ့အတူ ၃ကြိမ်အထိရယူကာ ရပ်တည်လာနိုင်မှာလည်း ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD